0


ရန်ကုန်၊ နိုဝင်ဘာ ၉။

မြန်မာနိုင်ငံရှိမီတာခများ နှစ်ဆဆီတက်သွားလည်း မီတာခအများအပြားသုံးစွဲရသော ရေသန့်စက်ရုံများ
အနေဖြင့် ကုန်ကျစရိတ်များ ရှိသော်လည်း ဆုံးရုံးမှုများ မရှိသေးကြောင်းကို ရေသန့်စက်ရုံ အများအပြားမှ
သိရသည်။

မီတာခများ နှစ်ဆတက်သွားသော်လည်း လိုင်းတစ်လိုင်း
ထပ်မံ ချဲထွင်ရန်ပြုလုပ်နေကြောင်းကို Alpine သောက်ရေ
သန့်မှ စက်ရုံမှု ကပြောကြားခဲ့သည်။

“ရှေ့လကတော့ မီတာခက သိန်း ၆၂၀ လောက်ကုန်တယ်၊ အခုလမှာတော့ ဘယ်လောက် ကုန်ကျမယ်မှန် မသိဘူး” ဟု Alpine သောက်ရေသန့်မှ စက်ရုံမှု ကပြောကြားသည်။

မီတာခများသည် နှစ်ဆတက်သွားသည်မှာ တစ်လမပြည့်
သေး၍ ယခုတွင်ကုန်ကျနေသောရေသန့် ကုန်ကျစရိတ်များ
ကို အတိအကျ မသိရကြောင်းကို ရေသန့်စက်ရုံ အများ
အပြားမှသိရသည်။

မီတာခတိုးမြှင့်ကောက်ခံသည်မှာ ၂ ကြိမ်မြောက်ရှိပြီး အိမ်သုံး
မီတာများကို တစ်ယူနစ်လျှင် ၃၅ ကျပ်ကောက်ပြီး ယူနစ် ၁၀၀
ကျော်လျှင် ၅၀ အထိတိုးမြှင့် ကြောင်း၊ ရုံးသုံးမီတာများကို ပုံမှန်
၅၀ ကျပ်ခန့်ကောက်ကြောင်းကို မီတာရုံးများမှသိရသည်။

ရေးသားသူ - သန်တေဇ
တည်းဖြတ် - ဂျူးဂျူးလှိုင်

အေးချမ်းမွန် Credit To > People power https://www.facebook.com/excellencemedia

Post a Comment

 
Top