0


ရန်ကုန်၊ နိုဝင်ဘာ ၉။

နိုဝင်ဘာလ ၄ရက်နေ့တွင် ပြုလုပ်ခဲ့သော ၁၅၀၀တန် ဆင်းကတ်မဲနှိုက်ပွဲတွင် လှိုင်သာယာမြို့နယ်၊ အမှတ်- ၁၁
ရပ်ကွက် အပိုင် ၂ ရာအိမ်မှူး သည် အဂတိလိုက်စား၍ မသမာမှုပြုလုပ်ခဲ့သဖြင့် ယင်းရာအိမ်မှူးအား စုံစမ်းစစ်
ဆေးရေးခုံရုံးအဖွဲ့က စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

၁၅၀၀ တန်ဆင်းကတ်များကို (၆)ကြိမ်မြောက် မဲဖောက်
ပေးရာ အပိုင်(၂)ရာအိမ်မှူးသည် ယခင်အကြိမ်များက
ဖုန်းဆင်းကတ် မဲပေါက်ဖူးပြီး နိုဝင်ဘာလ ၄ရက်နေ့က
ဖုန်းဆင်းကတ်များကို မဲဖောက်ပေးရာ ယင်း ရာအိမ်မှူးက
အိမ်ထောင်စု လူဦးရေစာရင်းကို လိပ်စာပြောင်း၍ ပြင်ဆင်
ရေးသားခဲ့ကြောင်း၊ ၎င်း၏ သဘောဆန္ဒဖြင့် အိမ်ထောင်စု လူဦးရေးစာရင်းတွင် လူတစ်ဦး ထပ်တိုးကာ လိပ်စာပြင်ဆင်
ရေးသားခြင်းများ ပြုလုပ်၍ မသမာမှုများပြုလုပ်ခဲ့ခြင်းကြောင့် တိုင်ကြားမှုပြုလုပ်တာဖြစ်ကြောင်း ယင်း ရပ်ကွက်ထံမှ
သိရသည်။

“ရာအိမ်မှူးက သူ့သဘောအတိုင်း အိမ်ထောင်စုစာရင်းကို
ပြင်တယ်။ ပထမတစ်ကြိမ်တုန်းကလည်း သူပေါက်တယ်။
အခု တစ်ကြိမ် မဲပေါက် တော့ အဂတိလိုက်စားပြီး မဲပေါက်
တယ်။ ပထမတစ်ကြိမ်ထဲက ဘယ်လောက်တောင် မသမာမှု လုပ်ထားသလဲ မသိဘူး။ အထောက်အထားတွေ မရှိလို့
မတိုင်တာ။ အခုအထောက်အထားခိုင်ခိုင်လုံလုံရလို့ တိုင်
တာ”ဟု ယင်းရပ်ကွက်မှ ရပ်မိ ရပ်ဖဖြစ်သူ ဦးဝေမျိုးဦးက
ပြောဆိုသည်။

ယင်းရပ်ကွက်ထံမှ ရာအိမ်မှူးသည် ယခင်အကြိမ်ကတည်းက သံသယရှိကြောင်း၊ ယခုအခါသည် အထောက်အထားရှိ ပြီဖြစ်သောကြောင့် တိုင်ကြားရခြင်းဖြစ်ကြောင်း၊ ရာအိမ်မှူး၏ အဂတိလိုက်စားပြီး မသမာမှုများပြုလုပ်ခြင်းကြောင့် နိုဝင်ဘာ ၁၅ရက်နောက်ဆုံးထားပြီး စုံစမ်းစစ် ဆေးရေးပြုလုပ်၍ မြို့နယ်
ရုံးတွင် ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေး
မှူးရုံးမှ သိရသည်။

ပြည်သူများအတွက်လုပ်ပေးသော ဆင်းကတ်များကို
မသမာမှုပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး
ပိုင်းက အဂတိ လိုက်စား လျှင် ထိထိရောက်ရောက် အရေး
ယူ သွားမည်ဖြစ်ကြောင်း၊ လက်ရှိကိစ္စကို စုံစမ်းစစ်ဆေးနေဆဲ
ဖြစ်ကြောင်း၊ မြို့နယ်ရုံးတွင် ခုံရုံးဖွဲ့ပြီး စစ်ဆေး သွားမည်ဖြစ်
ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ပြောကြားသည်။

ရေးသားသူ-လင်းလင်း
တည်းဖြတ်-နီတိုး

အေးချမ်းမွန် Credit To >People power https://www.facebook.com/excellencemedia

Post a Comment

 
Top