0


စွမ်းအင်ဝန်ကြီးဌာနမှ ကမ်းလွန်လုပ်ကွက်ပေါင်း ၃၀ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် အကြိုတင်ဒါ အောင်မြင်သည့် ကုမ္ပဏီ ၆၁ ခုမှ အဆိုပြုလုပ်ကွက် ၆၄ ခုကို တင်သွင်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကမ်းလွန်လုပ်ကွက် ၃၀ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် Myanmar Offshore Blocks Bidding Round-2013 ကို တင်ဒါခေါ်ယူခဲ့ရာ Pre-qualified အောင်မြင်သည့် ကုမ္ပဏီ ၆၁ ခုရှိကြောင်း သိရသည်။

ကုမ္ပဏီတစ်ခုလျှင် အဆိုပြုလုပ်ကွက် သုံးကွက် တင်သွင်းခွင့်ရှိရာ အဆိုပြုလွှာများ တင်သွင်းရမည့် နောက်ဆုံးရက်အထိ Pre-qualified အောင်မြင်သည့် ကုမ္ပဏီများအနက်မှ အဆိုပြုလွှာ ၆၄ ခုကို တင်သွင်းခဲ့ကြောင်း၊ အဆိုပါအဆိုပြုလွှာ ၆၄ ခုတွင် Pre-qualified အောင်မြင်သည့် ကုမ္ပဏီများသည် ပူးပေါင်း၍သော် လည်းကောင်း၊ သီးခြားစီ အနေဖြင့်သော်လည်းကောင်း အဆိုပြုလွှာများ တင်သွင်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကမ်းလွန်လုပ်ကွက် ၃၀ တွင် ကမ်းဦးရေတိမ်ပိုင်းလုပ်ကွက် ၁၁ ခုနှင့် ရေနက်ပိုင်းလုပ်ကွက် ၁၉ ခုပါဝင်ကြောင်းနှင့် အဆိုပါ လုပ်ကွက်များအတွက်ကို ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်က တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကြိုတင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနက် Shell Myanmar Energy အနေဖြင့် ပြည်ပကုမ္ပဏီ MOECO နှင့်တွဲကာ လုပ်ကွက်သုံးခု၊ Oil India Ltd က Mercator Petroleum Ltd+Oil Max Energy Pte.,Ltd တို့မှ လုပ်ကွက်သုံးခု၊ Kris Energy နှင့် GAIL India Ltd တို့မှ လုပ်ကွက်သုံးခု၊ Transform Expl နှင့် Repsol Exploration တို့မှ လုပ်ကွက်သုံးခု၊ Repsol Explotion မှ လုပ်ကွက်သုံးခု၊ Hawkley နှင့် Azimuth တို့မှ လုပ်ကွက်သုံးခု၊ Peak Oil and Gas Ltd မှ လုပ်ကွက်သုံးခု၊ Transcontinental Resource Group နှင့် Canadian Foresight Gruop Ltd တို့မှ လုပ်ကွက်သုံးခု၊ Twinza Oil (Asia)Ltd မှ လုပ်ကွက်သုံးခုနှင့် Reliance Industries Ltd မှ လုပ်ကွက်သုံးခုနှင့် ကျန်အကြိုတင်ဒါ အောင်မြင်သည့် ကုမ္ပဏီများမှ လုပ်ကွက်နှစ်ခုနှင့် အချို့မှာ တစ်ခုစီ တင်သွင်းထားကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ် ပထမအကြိမ် ကမ်းလွန်လုပ်ကွက် ၃၀ အတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ရာ အကြိုတင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီ ၆၁ ခုကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ပါ အချက်အလက်များအား နိုဝင်ဘာ ၁ ရက်က ရှင်းလင်း ပြောကြားခဲ့ကြောင်းလည်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top