ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ ၀ံပြေးရပ်ဥယျာဉ်ပိုင်းနေ ဒေါ်ချစ်ဝင်းမေ နေအိမ် တွင် နိုဝင်ဘာလ(၁၈) ရက် နံနက်(၂)နာရီ အချိန်ခန့်တွင် ဓားပြတိုက် မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဒေါ်ချစ်ဝင်းမေ အသက် (၄၂)နှစ် (ဘ) ဦးသိန်းဟန် ဥယျာဉ် လုပ်သူသည် ခင်ပွန်းဖြစ်သူ ဦးထွန်းဦး ခရီးသွားနေစဉ် သမီးဖြစ်သူ မဟန်နီထွန်း နှင့်အတူ နေအိမ်၌ အိပ်နေစဉ် မျက်နှာအ၀တ်ဖြင့် စည်းထားသော လူ(၂)ဦးမှ ယမ်းထောင်း သေနတ်တစ်လက်နှင့် ရဲဒင်း တစ်လက်တို့ကိုင်ဆောင်ကာ နေမအိမ်သို့ တက်လာပြီး ဒေါ်ချစ်ဝင်းမေ ဦးခေါင်းနောက်စေ့အား ရဲဒင်းနောင့်ဖြင့် တစ်ချက်ထုကာ စောင်ဖြင့်ချုပ်ထားပြီး သမီးဖြစ်သူအား ယမ်းထောင်း သေနတ်ဖြင့် ချိန်ရွယ်ပြီး နေအိမ်အတွင်းရှိ ဗီဒိုအားဖွင့်ခိုင်း ခဲ့သည်။
ယင်းနောက် ဗီဒိုအတွင်းမှ ငွေ(၅)သိန်း၊ ရွှေနားကပ်(၄)ရံ၊ ကာလ တန်ဖိုး (၂၂၀၀၀၀ိ)ကျပ်၊ ရွှေလက်စွပ် တစ်ကွင်း ကာလတန်ဖိုး(၃၅၀၀၀ိ)၊ တယ်လီဖုန်း ဆင်းကဒ် ၀၉၄၉၆၀၉၀၃၁ တစ်ခုတို့ကို ဗီဒိုအား ရှာမွေနောက် ယူဆောင်၍ သွား ခဲ့ကြောင်း၊ ဗီဒိုအား ရှာဖွေ မွေနှောက်နေစဉ် မဟန်နီထွန်းက လရောင်ဖြင့် ကြည့်ခဲ့ရာ အဆိုပါ လူနှစ်ဦးအနက် တစ်ဦင်္းမှာ ကံမော်ကျေးရွာ တဲ(၃)ဆောင် ဥယျာဉ်ပိုင်းနေ ကိုဦး(ခ)အာကာဦးဖြစ်ကြောင်း မြင်တွေ့ခဲ့ရသည်။ ဦးခေါင်းနောက်စေ့အား ရဲဒင်းနောင့်ဖြင့် ထုခံခဲ့ရသော ဒေါ်ချစ်ဝင်းမေသည် ဦးခေါင်းနောက် စေ့ ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။
ဒေါ်ချစ်ဝင်းမေမှ ဖြစ်စဉ်အား ကံမော်ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့သဖြင့် ကံမော်ရဲစခန်းမှ ဒုရဲအုပ် သန်းဌေးနှင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာသို့ ချက်ချင်း သွားရောက်ပြီး တရားခံ ကိုဦး(ခ)အာကာဦး (၂၃)နှစ် (ဘ)ဦးအေးမောင်အား စုံစမ်း ဖမ်းဆီးခဲ့ပြီး ၄င်းအား စစ်ဆေးချက်အရ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ဆန်းညွန့် (၂၉)နှစ် (ဘ) ဦးသန်းအောင် တဲ(၃)ဆောင်ရပ် ကံမော် ကျေးရွာနေသူအား ဆက်လက် ဖမ်းဆီးမိခဲ့သည်။ အမှု နှင့် ပတ်သက်၍ တရားခံများ ဖြစ်ကြသော ကိုဦး(ခ) အာကာဦးနှင့် ဆန်းညွန့်တို့ နှစ်ဦးအား ကံမော်ရဲစခန်းမှ (ပ)၃၂ /၂၀၁၃ ပြစ်မှု ပုဒ်မ ၃၉၄ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
iprd myeik
အေးချမ်းမွန် Credit To >မြိတ်ပုလဲမြေhttp://myeiknews.blogspot.com/

Post a Comment