0

အတွဲ (၁၄)၊ အမှတ် (၄၅)


မြန်မာနိုင်င်က အိမ်ရှင်နိုင်ငံအနေဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (၂၇ကြိမ်မြောက် အရှေ့ တောင် အာရှ အားကစားပြိုင်ပွဲ) ဖွင့်ပွဲ အခမ်း အနား၊ အားကစားပွဲများ ကျင်းပပုံများနှင့် ပိတ်ပွဲ အခမ်းအနားများကို အွန်လိုင်းမှ တိုက်ရိုက် ကြည့်ရှုနိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

http://www.mrtv.gov.mm/ နှင့် http://www.facebook/. com/ mrtvweb media portal ပေါ်တွင် တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ အားကစား ပြိုင်ပွဲများ ကို နေပြည်တော်၊ ရန်ကုန်၊မန္တလေး၊ ငွေဆောင် တို့တွင် အသီးသီး ကျင်းပသွားမည်ဖြစ်ရာ ယင်းနေရာများရှိ ပွဲကျင်းပပုံများကို တိုက်ရိုက်သော် လည်းကောင်း၊ Delay အဖြစ်ဖြင့် လည်းကောင်း ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အားကစား ပြိုင်ပွဲများ၏Live နှင့် Delay ပြသမှုများကိုMRTV, Forever ကုမ္ပဏီနှင့် ရွှေသံလွင် ကုမ္ပဏီ တို့က ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ ကျင်းပပုံများကို မြန်မာ့ ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဟု MRTV က ၎င်း၏ ဖေ့ဘုတ် စာ မျက်နှာတွင် ဖော်ပြထားသည်။

ထုတ်လွှင့်သွားမည့် ပုံစံ၊ ထုတ်လွှင့်မည့် သတင်းဌာန၊ ပြိုင်ပွဲ ကျင်းပမည့် နေရာ စသည့် အစီအစဉ်များကို နိုဝင်ဘာလ ၁၅ ရက်နေ့ နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ကြေ ညာထားပြီး ဖြစ်ကြောင်း သိရသည်။ ဘောလုံး (ကျား၊ မ)၊ ဂျူဒို၊ ပန်ကြပ်ဆီလက်၊ ဘော်လီဘော၊ ၀ူရှူး၊တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင် တန်းနစ်၊ ရေကူး/ ဒိုင်ဗင်၊ ခြင်းလုံး၊ကာယဗလ၊ အလေးမ စသည့် အားကစား ပြိုင်ပွဲများကို တိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ထုတ်လွှင့်မည့် ဇယားအရ သိရသည်။

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ လအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၁၁.၁၂.၂၀၁၃ ရက်၊ ညနေ ၆နာရီ တွင် လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားကို ၂၂.၁၂. ၂၀၁၃ ရက် ညနေ ၆ နာရီတွင် လည်းကောင်း၊နေပြည်တော် ဝဏ္ဏသိဒ္ဓိ အဆင့်မြင့် အားကစားကွင်း၌ ကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားအား ဝင်ရောက် ကြည့်ရှုနိုင်ရေး ကြိုတင် လက်မှတ်များကို နေပြည်တော်၊ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် Online မှ ရောင်းချ ပေးသွားမည်ကြောင်း၊ အားကစား ပြိုင်ပွဲ နှင့် ပတ်သက်၍ သတင်း အချက်အလက်များ ကြည့်ရှုနိုင်ရန် ဝက်ဘ်ဆိုက် လွှင့်တင်ထားပြီး ဖြစ်ရာ လိပ်စာမှာ www.27seagames2013.com ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း

အေးချမ်းမွန် Credit To >http://www.myanmarinternetjournal.com/https://www.facebook.com/excellencemedia

Post a Comment

 
Top