10/11/2013
လွန်ခဲ့သည့်သီးတင်းပတ်ကစ၍ လျှပ်စစ်ဓာတ်အားခများတိုးမြှင့် ကောက်ခံမှုနှင့် ပတ်သက်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းအပေါ်ပြည်သူ့ကို အမှန်တကယ်ကိုယ်စားပြုမည်ဆို ပါက ရှိခိုးမည်ဟုPeople Powerသတင်းစာသို့ပြောကြား လိုက်သော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ခိုင်အားနိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းတွင် ဆန္ဒပြ ခဲ့သော MDCF အဖွဲ့က ပြည်သူ့ ရင်ပြင်၌မဲပုံထောင်ရဲသလားဟု တုံ့ပြန်ပြောကြားလိုက်သည်။
“ကျွန်တော်တို့ ၆ ရက်နေ့ ညနေက ဆန္ဒပြလိုက်နိုင်တဲ့အတွက် ပြည်သူ့အသံကိုဖော်ဆောင်ပေးလိုက် နိုင်ပြီးလို့ခံယူတယ်။ MDCF အဖွဲ့ ဆိုတာ ၂၀၀၇ ခုနှစ်ကတည်းက ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှား မှုကစပြီး မနေ့တစ်နေ့ကအောင် မြင်ခဲ့တဲ့ ငါးထောင်တန်ဖုန်းကမ် ပိန်းအထိပြည်သူကို ကိုယ်စားပြု ပြီး အစဉ်တစ်စိုက်ရပ်တည်ခဲ့တယ်။
ဦးအောင်ခိုင်ကိုပြောလိုက်ပါ။မတရား မြေသိမ်းခံမိကျောင်းကန်ပြည်သူတွေ နဲ့ မရမ်းကုန်း ၆ ရပ်ကွက်ပြည်သူ တွေကို MDCF က ကိုယ်စားပြု ထားတာဟုတ်သလားလို့မေးကြည့် လိုက်၊ အခုတစ်ပြည်လုံးကို ကိုယ်စားပြုပြီး ဒီမီတာခလျှော့ ချရေးကို ကျွန်တော်တို့ခေါင်း ဆောင်ကိုထင်ကျော်မရှိပေမဲ့ ကျွန်တော်တို့တွေ အဖမ်းခံပြီး အဆုံးတိုင်ဆက်လုပ်သွားမယ်လို့၊ ကျွန်တော်တို့လုပ်ရပ်ဟာပြည်သူ ကို ကိုယ်စားပြုမပြုသိချင်ရင်ပြည် သူ့ရင်ပြင်မှာ မဲပုံးထောင်ရဲသလား လို့မေးလိုက်ချင်ပါတယ်”ဟု MDCF နိုင်ငံခြားရေးတာဝန်ခံ၊ ကိုဇေယျာလင်းကဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍အဖွဲ့ အစည်းအားလုံးနှင့် ပြည်သူတစ် ရပ်လုံးပူးပေါင်းကာဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ပြီးကြောင်း ၀န်ကြီးနှင့် တန်းတူအဆင့်ရှိသည့် တာဝန်ခံပုဂ်္ဂိုလ်ကြီးတစ်ဦးက သမ္မတသဘောထားနှင့် ဆန့်ကျင့် ပြီး ပဉ္စမမဏ္ဍိုင်အရပ်ဘက်အဖွဲ့ အစည်းကို ယင်းသို့ပြောဆိုခြင်းမှာ ဒီမိုကရေစီကိုအာဏာရှင်အိုးမဲ သုတ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလ့လာသည်သုံးသပ်သူများ ကဝေဖန်လျက်။
ဇော်မြင့်
Hot News
အေးချမ်းမွန် Credit To > Myanma Light
Post a Comment