0


နိုဝင်ဘာ ၉။

နိုဝင်ဘာလ ၈ရက်က အမေရိကန်သမ္မတ အိုဘားမားက အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အကြား ပုံဖော်နေသော ဆွေးနွေးပွဲများအတွက် ပြင်းထန်သည့် ပြစ်တင်မောင်းမဲမှုများ ပြုလုပ်နေသည့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်း နေတန်ညာဟု ထံသို့ ဖုန်းဆက်ကာ ဖျောင်းဖျသည့် စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း အမေရိကန်သည် အီရန်နှင့် ဆက်ဆံရေး နည်းလမ်းသစ်များအပေါ် ဆော်ဒီအာရေးဗီးယား၊ အစ္စရေးအပါအ၀င် အရှေ့အလယ်ပိုင်းမှ မဟာမိတ်နိုင်ငံများဘက်မှ မနှစ်သက်သည့် တုံ့ပြန်မှုအမျိုးမျိုး ပြသလာပြီး နောက်ပိုင်း ယခုကဲ့သို့ ဖုန်းနှင့် ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတအိုဘားမားက ဂျနီဗာ ဆွေးနွေးညှိနှိုင်းမှုမှ နောက်ဆုံး အခြေအနေများနှင့် အမေရိကန်သည် အီရန်တို့ နျူလက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထတ် ဆက်လက် တားဆီးသွားမည်အကြောင်း အဓိက အလေးထား ပြောကြားခဲ့သည်။ အိမ်ဖြူတော်အနေဖြင့် ယခုကိစ္စကို ဂရုတစိုက် ကိုင်တွယ်နေဦးမည်ဖြစ်ကြောင်းလည်း ထည့်သွင်း
ပြောကြားသည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ ဖုန်းပြောဆိုမှုမှာ အတန်ငယ်ကြာခဲ့သည်ဟု အိုဘားမား၏ စီမံခန့်ခွဲ့ရေးရုံးက တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။


လွန်ခဲ့သော ရက်ပိုင်းအတွင်း ဂျေရုစလင်တွင် နေတန်ညာဟုနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့၏ အခြေအနေတင်းမာသည့် တွေ့ဆုံဆွေးနွေးခန်းအပြီးတွင် ကယ်ရီသည် အီရန်အရေးအတွက် ဂျနီဗာသို့ သွားရောက် ခဲ့သည်။

အီရန် နျူအစီအစဉ်တားဆီးနိုင်ရေးအတွက် အစ္စရေးသည် အမေရိကန်သာမက ဥရောပခေါင်ေးဆာင်များကိုလည်း သတိပေးစကားဆိုထားသည်။

အစ္စရေးသည် အရှေ့အလယ်ပိုင်းတွင် နျူလက်နက်ပိုင်ဆိုင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်ရေးအတွက် အီရန်၏နျူဖွံ့ဖြိုးမှု လုပ်ငန်းများအပေါ် သံတမန်နည်းလမ်းများဖြင့် ဟန့်တားနိုင်စွမ်းမရှိခဲ့လျှင် အီရန်နျူစက်ရုံများကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ရာဇသံပေးထားသည်။

Ref: AFP

အေးချမ်းမွန် Credit To >The Myanma Agehttps://www.facebook.com/excellencemedia

Post a Comment

 
Top