ရန်ကုန်၊ နိုဝင်ဘာ၉ရက်။
ဂျာ့(ဇ်) Jazz ဂီတ ပညာရှင်ဖြစ်သည့် အဲရစ်ထရူးဖက်(ဇ်) ဦးဆောင်သည့် ပြင်သစ် ဂီတပညာရှင် အဖွဲ့သည် မြန်မာ့ဆိုင်း ဟိန်းတင့်ဆိုင်းအဖွဲ့နှင့် ပူးပေါင်း၍ နိုဝင်ဘာ ၁၆ရက်နေ့ ညနေ ၆နာရီတွင် ပြင်သစ်ယဉ်ကျေးမှုစင်တာတွင် ဖျော်ဖြေမည်ဖြစ်
ကြောင်း ပြင်သစ်ယဉ်ကျေးမှုစင်တာ၏ ထုတ်ပြန်ချက်အရ
သိရသည်။
“ထရူးဖက်(ဇ်)က မြန်မာ့ဆိုင်းဝိုင်းနဲ့အတူ တီးခတ်မယ်ဆိုတော့ တမူထူးခြားတဲ့ ပွဲလေးဖြစ်မယ်ဆိုတာ ပြောနိုင်ပါတယ်။ မြန်မာ့
ဆိုင်းဝိုင်းကို လည်း တစ်ကမ္ဘာလုံးက စိတ်ဝင်စားလာမှာပါ။
နိုင်ငံတကာ ဂီတတွေနည်းတူ မြန်မာ့ဂီတရဲ့ အစွမ်းကိုလည်း
ပြသရာရောက်လို့ အများကြီး ကြိုဆိုပါတယ်” ဟု ပြင်သစ်
ယဉ်ကျေးမှု စင်တာမှ ဂီတာဆရာတစ်ဦးဖြစ်သူ ဦးအောင်ကိုက
People Powerသို့ ပြောကြားသည်။
အဲရစ်ထရူးဖက်(ဇ်)အဖွဲ့သည် ကမ္ဘာကျော် ပြင်သစ်တေးဂီတ
အဖွဲ့ဖြစ်ပြီး Jazz ဂီတကို အများဆုံး တီးခတ်လေ့ရှိပြီး Rock,
Hip-Hopနှင့် Electro ဂီတများကို ရိုးရာမပျက် နှဲတူရိယာဖြင့်
ပေါင်းစပ်တီးခတ် ဖျော်ဖြေမှုတွင် ရေပန်းစားကျော်ကြားသူများ
ဖြစ်သည်။
Jazz, Hip-Hop, PoP, Electro နှင့် ပြင်သစ်ဂီတသံစဉ်
များကို နားဆင်ရမည်ဖြစ်ပြီး မြန်မာသံစစ်စစ် ရှေးသီချင်း များကို ပြင်သစ်ဂီတဖြင့် ပေါင်း စပ်၍ နားဆင်ကြရမည်ဖြစ်
ကြောင်း၊ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက် နားဆင်နိုင်ကြောင်း သိရသည်။
ရေးသားသူ - ကြည်စင်ဝင်းသန့်
တည်းဖြတ်သူ-နီတိုး
အေးချမ်းမွန် Credit To > People power
Post a Comment