0

သူရဲကောင်း တစ်ယောက်လို
ရဲရင့်နေတာလည်း မင်းရဲ့စိတ်။

နန်းကျဘုရင် တစ်ပါးလို
စိတ်ဓါတ်တွေ
ပြိုဆင်းနေတော့လည်း မင်းရဲ့စိတ်။

ခေါင်းဆောင်တစ်ယောက်လို
ဦးဆောင်ချင်တာလည်း မင်းရဲ့စိတ်။

ချောင်ကွယ်မှာ ကပ်ရင်း ...
သိမ်ငယ်နေတော့လည်း မင်းရဲ့စိတ်။

ရုန်းကန်ချင်တဲ့ စိတ်ဓါတ်တွေနဲ့
အရှုံးမပေးချင်တာလည်း မင်းရဲ့စိတ်။

အရှုံးနွံ့မှာ နစ်ရင်း ...
မရုန်းချင်တော့တာလည်း မင်းရဲ့စိတ်။

ယုံကြည်ထိုက်သူ ဖြစ်အောင်
ရိုးသားတာလည်း မင်းရဲ့စိတ်။

မယုံကြည်ထိုက်သူ ဖြစ်အောင်
ကောက်ကျစ်တော့လည်း မင်းရဲ့စိတ်။

အားကိုးထိုက်သူ ဖြစ်အောင်
ကြိုးစားတာလည်း မင်းရဲ့စိတ်။

အသုံးမကျသူ ဖြစ်အောင်
ပျင်းရိနေတော့လည်း မင်းရဲ့စိတ်။

အေးမြတဲ့ မေတ္တာတရားတွေနဲ့
ကရုဏာထားတာလည်း မင်းရဲ့စိတ်။

ဒေါသတွေ မောဟတွေနဲ့
အမုန်းမီးပွားတော့လည်း မင်းရဲ့စိတ်။

ကုသိုလ်တရားတွေနဲ့
ပျော်မွေ့နေတာလည်း မင်းရဲ့စိတ်။

အကုသိုလ်တရားတွေနဲ့
အယူမှားနေတော့လည်း မင်းရဲ့စိတ်။

မင်းစိတ်ဟာ မင်းယုံကြည်ရာ
လုပ်နိုင်စွမ်းတွေကို ဖန်တီးပေးနိုင်တယ်။

မင်းစိတ်ဟာ မင်းအတွက်
အားဆေးတစ်ခွက် ဖြစ်နိုင်သလို
အဆိပ်တစ်ခွက်လည်း ဖြစ်သွားနိုင်တယ်
အရေးအကြီးဆုံးက မင်းရဲ့ ရွေးချယ်မှု ...။

မြ၀ဏိုးစံ

အေးချမ်းမွန် Credit To >စာပေဥယျာဉ် https://www.facebook.com/excellencemedia
54

Post a Comment

 
Top