0


By mmweather.ygn, on November 23rd, 2013
http://blog.mmweather.com/2013/11/23/05b-in-andaman-sea/

နိုဝင်ဘာလ ၂၃ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် JTWC warning-01 ထုတ်ပြန်ချက်အရ INVEST-92W သည် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၏ ပဉ္စမမြောက် မုန်တိုင်း(လက်ရှိအချိန်တွင် လေဖိအားနည်းရပ်ဝန်း – Tropical Depression) ဖြစ်လာကြောင်း တွေ့ရပါသည်။ 05B သည် ယနေ့ည သန်းခေါင်ကျော်တွင် ကပ္ပလီပင်လယ်ပြင်၌ အပူပိုင်းမုန်တိုင်းအဆင့်(35 knots t 45 knots) အဖြစ်သို့ ရောက်ရှိပြီး အနောက်မြောက်ဘက်(အန်ဒါမန်ကျွန်းဘက်သို့) ဆက်လက်ရွေ့လျားကာ အန်ဒါမန်ကျွန်းအား နိုဝင်ဘာလ ၂၄ ရက် ည ပိုင်းတွင် စတင်ကျော်ဖြတ်ကာ ဘင်္ဂလားပင်လယ်အော်သို့ ဝင်ရောက်မည် ဖြစ်ပါသည်။

နိုဝင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီ နောက်ပိုင်းတွင် အဆင့်-၁(CAT-1)ဆိုင်ကလုန်းမုန်တိုင်း အဆင့်ဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး အိန္ဒိယနိုင်ငံ ကမ်းခြေအနီးသို့ ချဉ်းကပ်စဉ် နိုဝင်ဘာလ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် အားအကောင်းဆုံး (အဆင့်-၃ ဆိုင်ကလုန်းမုန်တိုင်းအဆင့်)သို့ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပါသည်။

23/06Z (TROPICAL CYCLONE 05B (FIVE) WARNING NR 001- 030 knots)
TROPICAL CYCLONE 05B (FIVE) WARNING #1
WTIO31 PGTW 230900
230600Z POSIT: NEAR 8.1N 97.1E
MOVING 320 DEGREES TRUE AT 12 KNOTS
MAXIMUM SIGNIFICANT WAVE HEIGHT: 10 FEET
23/06Z, WINDS 030 KTS, GUSTS TO 040 KTS
23/18Z, WINDS 035 KTS, GUSTS TO 045 KTS
24/06Z, WINDS 045 KTS, GUSTS TO 055 KTS
24/18Z, WINDS 055 KTS, GUSTS TO 070 KTS
25/06Z, WINDS 070 KTS, GUSTS TO 085 KTS
26/06Z, WINDS 090 KTS, GUSTS TO 110 KTS
27/06Z, WINDS 100 KTS, GUSTS TO 125 KTS
28/06Z, WINDS 085 KTS, GUSTS TO 105 KTS

မုန်တိုင်း 05B ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိသည့်တိုင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်မည့် အခြေအနေလုံးဝ မရှိသော်လည်း မုန်တိုင်း အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများတွင် လေပြင်းကျရောက်ခြင်း၊ လှိုင်းကြီးခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများအနေဖြင့် နိုဝင်ဘာလ ၂၄ ရက်(မနက်ဖန်မှ စတင်၍ – မုန်တိုင်း ကုန်းတွင်းသို့ ဝင်ရောက်သည့် နိုဝင်ဘာလ ၂၈ ရက် နေ့လည်ပိုင်းအထိ) ကြိုတင်သတိပြုရှောင်ရှားနိုင်ကြစေရန် အသိပေးတင်ပြလိုပါသည်။

အေးချမ်းမွန် Credit To > MMweather Page https://www.facebook.com/excellencemedia
3

Post a Comment

 
Top