0

ကျော်ဇေယျ


ရန်ကုန် ၊ နိုဝင်ဘာ ၁၅။ ။ တရား ရုံးတွင် ရှုံးနိမ့်ထားသည့်မြေကွက် အား ခြံခတ်မှုကို နေထိုင်သူများ အပြင်းအထန် ကန့်ကွက်သဖြင့် ရုန်းရင်းဆန် ခတ်မှုများဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ယနေ့ နံနက် ၉နာရီခန့် က သင်္ဃန်း ကျွန်မြို့နယ် စ/သု မင်္ဂလာရပ် ကွက် ဒေါ်နီလမ်းရှိ သုံးဧကကျော် ကျယ်ဝန်းသည့် မြေ ကွက်အမှတ်(၆၆)ကို သင်္ဃန်း ကျွန်းမြို့နယ်တရားရုံး၏ခြံဝင်း ခတ်ရန်ညွှန်ကြားချက်ဖြင့် ဘီလစ် စာရေးဦးဆောင်ပြီး သင်္ဃန်းကျွန်း မြို့မ ရဲတပ်ဖွဲ့ အပါအဝင် တခြား မြို့နယ်လေးခုမှ ရဲအင်အား ၁၃၀၊ ဘီလစ်စာရေးခေါ်လာသည့် ခြံဝင်း ခတ်လုပ်သား ၁ဝဝကျော် ဖြင့် ခြံဝင်းခတ်ရန်ကြိုးပမ်းမှုကို ဘိုး ဘွားစဉ် ဆက်နေထိုင်သူ ဒေါ်နီ၏ မြေးနှင့် ဆွေမျိုးများက ဝိုင်းဝန်း ကန့်ကွက် ခဲ့ခြင်းဖြစ်သည်။

''အဘွားတို့က မူလပိုင်ရှင် ဒေါ်နီရဲ့ မြေးတွေပါ။ ဒီမြေတွေ ကိုပိုင်ဆိုင်ကြောင်း အထောက် အထားအခိုင်အမာရှိပါတယ်။ ဒီမြေတွေနဲ့ပတ်သက်ပြီး ပိုင်ဆိုင် ကြောင်း အထောက်အထားတွေ ကို တင်ပြခဲ့ပေမယ့် ငွေ မရှိတဲ့ သူ တွေကို တရားရုံးက အနိုင်မပေးခဲ့ပါဘူး။ အခု တရားနိုင်သွားတဲ့ လူကလဲ ဒေါ်နီရဲ့မြေးပါပဲ။ သူက လူမျိုးခြားသူဌေးနဲ့ တရားရုံးကို ပေါင်းပြီး ဒီမြေတွေကို တရားရုံး မှာ အနိုင်ရအောင်လုပ်ခဲ့တယ်။ အခု ရဲတွေကို ပါခေါ်လာပြီး နာရီ ဝက်အတွင်း ဖယ်ခိုင်းနေ တယ်။ ၂ဝဝ၇ ခုနှစ်က အင်အားသုံးပြီး ဖယ်ခိုင်းလို့ မတတ်သာလို့ ပေးခဲ့ ရတယ်။ အခု ဒါပေမဲ့ အခုလို ခေတ်မှာ မရတော့ပါဘူး။ နစ်နာ မှုတွေအတွက် ဒီနေရာမှာအသေ ခံမယ်၊ လုံးဝဖယ်မှာမဟုတ်ပါဘူး'' ဟု တရားရုံးအမိန့်ဖြင့် ဖယ်ရှား ခိုင်းမှု ကို အပြင်းအထန်ကန့်ကွက် ခဲ့သူ ဒေါ်ညွန့်စိန်ကပြောသည်။

သတင်းအပြည့်အစုံသို့=>http://goo.gl/fU1xfC

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top