0

အာကာ

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ။ ။ မြန်မာ နိုင်ငံတွင် စတော့အိတ်ချိန်းဈေး ကွက်စတင် အကောင်အထည် ဖော်ရန် ဂျပန်-မြန်မာလုပ်ငန်း သဘောတူစာချုပ်ကို လာမည့်ဇန် နဝါရီတွင် ရေးထိုးသွားမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန မှ သိရသည်။

စတော့အိတ်ချိန်းဈေးကွက် တည်ထောင်နိုင်ရန်အတွက် လက် ရှိ မြန်မာ နိုင်ငံတွင် ငွေချေးသက် သေခံလက်မှတ်များလဲလှယ်ရောင်း ဝယ်ရေးဥပဒေ ကို ၂၀၁၂ ဇူလိုင် ၃၁ ရက်က ပြဋ္ဌာန်းခဲ့ပြီး ယင်း ဥပဒေအရ Securities Exchange Committee ကိုဖွဲ့စည်းကာ ကော်မရှင်ခွင့်ပြုချက်ဖြင့် စတော့ အိတ်ချိန်းဈေးကွက်ကို တည်ထောင် ရမည်ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ဒု တိယဝန်ကြီး ဦးမောင်မောင်သိမ်း က ''စတော့အိတ်ချိန်းက အခု ဥပ ဒေထွက်လာပြီ။ နည်းဥပဒေကို ပြုစုနေတယ်။ ဂျပန်နိုင်ငံ ဒိုင်ဟွာ ကုမ္ပဏီအုပ်စုနဲ့ဖက်စပ်လုပ်ဖို့ကို စကားပြောနေ တာ တော်တော် လေး ခရီးရောက်သွားပြီဆိုတော့ စပြီးလှုပ်ရှား နိုင်မယ်ဆိုရင် နောက် နှစ်ဇန်နဝါရီလလောက်မှာ စတင် လှုပ်ရှားနိုင်ဖို့ရှိတယ်''ဟု ဆိုသည်။

အဆိုပါစတော့အိတ်ချိန်း တည်ထောင်ရန်အတွက် ဘဏ္ဍာ ရေးဝန်ကြီး ဌာနနှင့် ဂျပန်နိုင်ငံ ဒိုင် ဟွာကုမ္ပဏီတို့ပူးပေါင်းအကောင် အထည်ဖော်ရန် စီစဉ်လျက်ရှိပြီး လာမည့် ၂၀၁၅ တွင် အောက်တို ဘာအတွင်းစတင်နိုင်ရန် ရည်မှန်း ချက်ထား ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

စတော့အိတ်ချိန်းအတွက် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ မှMSEC ကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးက ''အခုစတော့အိတ်ချိန်း မှာ လိုအပ်တဲ့စနစ်တွေကို ဒိုင် ဟွာဘက်က ဆောင်ရွက်နေပါတယ်။ အရင်းအနှီးဈေးကွက်တစ်ခုလုံး အတွက် လိုအပ်တဲ့နည်းစနစ်တွေ ကို စမ်းသပ်နေတာပါ''ဟုဆိုသည်။

မြန်မာနိုင်ငံတွင်တည်ထောင် မည့် စတော့အိတ်ချိန်းအတွက် ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဂျပန်နိုင်ငံအကြား MoU ရေးထိုးထားပြီး ဂျပန်နိုင်ငံ ဒိုင်ဟွာကုမ္ပဏီမှ ဂျပန်စတော့အိတ် ချိန်းနှင့်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top