0


ရန်ကုန်၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် အရှေ့ဘက် တောင်ကုန်းတွင် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုမိန့်ဖြင့် ဘန်ဂလို ၉၄ လုံး ပါဝင်သော ခေတ်မီ အထပ်နိမ့်ဟိုတယ် တည်ဆောက်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဦးအောင်ကျော်ညွန့်က ပြောကြားသည်။

အင်းလေးဒေသ ဟိုတယ်ဇုန် ဖော်ထုတ်ရေး ဦးစီးကော်မတီက အင်းလေး အနီးဝန်းကျင်၌ မြေ၏ ခံနိုင်အားပေါ် မူတည်၍ တည်ဆောက်မည် ဖြစ်ပြီး လမ်းခင်းခြင်း၊ လျှပ်စစ်သွယ်တန်းခြင်းတို့ကို ကနဦး လုပ်ဆောင်နေပြီး ယခုနှစ်အတွင်း တည်ဆောက်မည် ဖြစ်ပြီး တစ်နှစ်ခွဲကျော် ကြာမြင့်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြေ ၆၂၂ ဧကတွင် အပိုင်းသုံးပိုင်းဖြင့် အင်းလေးကန်၏အလှ ထိခိုက်မှု မရှိအောင် ဆောင်ရွက်မည် ဖြစ်ပြီး လုပ်ငန်း စတင်ဆောင်ရွက်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွား အကျိုးသက်ရောက်မှု အစီရင်ခံစာ (EIA SIA) ကောက်ယူမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။
“မိုင်းသောက်မှာ လက်ရှိ ဟိုတယ် ၁၄ လုံး ဆောက်နေတယ်။ အင်းလေးကန် ဟိုတယ်ဇုန်မှာ အလုံး ၉၀ ကျော် ဆောက်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဲလောက် အများကြီး မလိုပါဘူး” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

တောင်ကြီးအင်းလေး ဒေသတွင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက တရားဝင်လိုင်စင် ထုတ်ပေးထားသော ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းပေါင်း တောင်ကြီးတွင် ၁၇ လုံး၊ အင်းလေးတွင် ၄၂ လုံး ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

အေးချမ်းမွန် Credit To >The Voice Weekly <Thanks
https://www.facebook.com/excellencemedia

Post a Comment

 
Top