သန်းနိုင်ဦး
ရန်ကုန် ၊ အောက်တိုဘာ ၃၁။ ။ လက်ရှိ နေပြည်တော်ကောင်စီ နယ်မြေစီမံကိန်းများ၊ ဘဏ္ဍာရေး အသုံးစရိတ်များနှင့် ဝန်ကြီးဌာနများ၏ အသုံးစရိတ်များကို ပြန် လည်သုံးသပ်သင့်ကြောင်း ပြည် ထောင် စုလွှတ်တော်ကိုယ်စား လှယ်များ က အောက်တို ဘာ ၃၁ ရက်ကကျင်းပသည့် ပြည်ထောင် စု လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ ပြောကြားလိုက် သည်။
၂၀၁၃-၂၀၁၄ခုနှစ် ဘဏ္ဍာ နှစ် ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ ကြမ်း၏ ရငွေသုံး ငွေများ နှင့် ပတ် သက်၍ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်ကိုးဦးမှ လွှတ် တော်သို့တင်ပြခြင်းဖြစ်ကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားလှယ် များမှ ပြည်ထောင်စုလွှတ်တော် သို့တင်ပြရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျပ် သိန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်နေမှုများ၊ ဝန်ကြီး ဌာနများမှ ငွေလုံးငွေရင်းအသုံး စရိတ်ထက် သာ မန် အသုံး စရိတ် များတွင် ပိုမိုသုံးစွဲနေခြင်းများကို ပြည်ထောင်စုလွှတ်တော်အနေ ဖြင့် ပြန်လည်သုံးသပ်ပေးရန် တင် ပြကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ''နေ ပြည်တော်စည်ပင်သာယာရေး ကော်မတီက ရေပေးဝေရေးအ တွက် ကျပ်သိန်း ၁၃ဝဝဝကျော် သုံးစွဲဖို့နဲ့ နေပြည်တော် ကောင်စီ က လမ်းလုပ်ငန်းတွေအတွက် ဘဏ္ဍာငွေ ထပ်မံတောင်းခံတင် ပြထား တယ်။ ပြည်ထောင်စုနယ် မြေတစ်ခုတည်း နိုင်ငံတကာအ ဆင့်တိုးတက်နေပြီး ကျန်တဲ့နေ ရာတွေက ဒုံရင်းက ဒုံရင်းပဲဖြစ် နေရင် ဒီနိုင်ငံကြီး တကယ်တိုး တက်ရဲ့ လား။ လက်ရှိသုံးစွဲမှုတွေ ကို သင့် မသင့် ပြည်ထောင်စုလွှတ် တော်အနေဖြင့် တင်ပြခြင်းဖြစ်ပါ တယ်''ဟု ပြည်ထောင်စုလွှတ် တော်သို့ တင်ပြသည်။
သတင်းအပြည့်အစုံသို့=>http://goo.gl/H2E52C
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment