နေမျိုး| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၇ ရက် ၂၀၁၃ ခုနှစ်
အိနိ္ဒယ-မြန်မာနယ်စပ်ကားလမ်းမျာ
အောက်တိုဘာ တတိယပတ်က ရွာသွန်းသည့်မိုးကြောင့် နယ်စပ်ကားလမ်းများ ပျက်စီးနေပြီး ကုန်တင် ယာဉ်များ အဓိကသွားလာသည့် မုံရွာ-ကလေး-ဂန့် ဂေါလမ်းကြောင်းမှာ ပြုပြင်နေဆဲဖြစ်၍ ကုန်ကားများ မသွားနိုင်ဘဲဖြစ်နေသောကြောင့်ဟု
ဂန့်ဂေါကားလမ်းပျက်စီးခြင်းကြော
ယင်းသို့ လမ်းများပျက်စီးသောကြောင့် ကုန်တင်ကားအစီးရေ ၁၅၀ ကျော် ခုနစ်ရက်ကြာ ပိတ်ဆို့ခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးသည် ပုံမှန်ထက်လျော့နည်းသွားပြီး တန်ဖိုးပမာဏမည် ရွေ့မည်မျှကျဆင်းသွား သည်ကိုမူ စာရင်းချုပ်ချိန်မဟုတ်သေး၍ မတွက်ချက်ရသေးကြောင်း ဆိုသည်။
အိန်္ဒိယနိုင်ငံ မိုးရေးမြို့တွင်လည်း ဒေ၀ါလီပွဲတော် ကျင်းပနေချိန်ဖြစ်၍ မိုးရေးမြို့ဈေးဆိုင်များ ပိတ်ထား ကြောင်း၊ ကုန်အ၀င်နည်းကြောင်း တမူးခရိုင်နန့်ဖာလုံဈေးမှ အထည်အလိပ်ရောင်းသူ အမျိုးသမီးတစ်ဦး က ပြောသည်။
“မုံရွာ မန္တလေးကပစ္စည်းက လုံးဝမလာနိုင်ဘူး၊ ပစ္စည်းမ၀င်တာကြာပြီ၊ ၁၅ ရက်လောက်ကြာပြီ၊ ဒေ၀ါလီ ပွဲတော်လည်းရှိတော့ မိုးရေးကဆိုင်တွေလည်း ပိတ်တယ်။ ပစ္စည်းပြတ်တော့ ကုန်ဈေးနှုန်းလည်းတက် တယ်။ ပစ္စည်းက အသစ်မ၀င်ဘူး။ အဟောင်းပဲရှိတော့ ဈေးတက်လာတာ” ဟု သူကရှင်းပြသည်။
အနောက်မြောက် ကုန်သွယ်ရေးလမ်းကြောင်းသည် ပွင့်လင်းရာသီကာလများတွင် မုံရွာ-ယာကြီး-ကလေးလမ်းမကြီးမှ ပြေးဆွဲလေ့ရှိသော်လည်း မိုးရာသီကာလတွင် ထိုလမ်းမကြီးသည် တောင်ပေါ်မြေ သားလမ်းပျက်စီးမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese
Post a Comment