0


မင်းဘူး နိုဝင်ဘာ ၈

မင်းဘူးမြို့နယ် မန်းချောင်းအတွင်း၌ နိုဝင်ဘာ ၃ ရက်ည ၇ နာရီ ၄၅ မိနစ်ခန့်က အလောင်းတစ်လောင်း မျောပါလာကြောင်း သတင်းအရ စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးဝေဦးနှင့်အဖွဲ့ သွားရောက်စစ်ဆေးရာ (အမည်၊ လိပ်စာစုံစမ်းဆဲ)အသက် (၂၀)ခန့် အမျိုးသား အလောင်းတစ်လောင်းဖြစ်ပြီး နက်ပြာရောင်ဘောင်းဘီတိုနှင့် အပေါ်အင်္ကျီမပါ ပုပ်ပွလျက် ဝဲ၊ ယာလက်နှစ်ဖက် တွင် မြက်ပင်များဆုပ်ကိုင်ထားသော အနေအထားတွေ့ရပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရကြောင်း သိရသည်။
ယင်းအမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံး ခြင်းဟုတ်၊ မဟုတ်သိရှိနိုင်ရန် ဒုရဲအုပ်မျိုးဝေဦးက တရားလို ပြုလုပ်၍ တိုင်တန်းခဲ့ရာ မင်းဘူးမြို့နယ် စကုနယ်မြေ ရဲစခန်း က သေမှုသေခင်းအမှတ်(၁၇/၂၀၁၃)ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။
(မကွေးလှမြင့်)

အေးချမ်းမွန် Credit To >The Mirror Daily https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top