0


ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ စနေည ပွဲစဉ်တွေမှာတော့ လီဗာပူးအသင်းဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားပြီးမှ သရေတစ်မှတ် ရယူနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် လီဗာပူးဟာ မန်ယူနဲ့ ပွဲကြီးပွဲကောင်း နွှဲရမယ့် အာဆင်နယ်ကိုဆက်လက်ဖိအားပေးသွားနိုင်ခဲ့
ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ရလဒ်များ

လီဗာပူး ၄-၀ ဖူလ်ဟမ်

ချဲလ်ဆီး ၂-၂ ၀က်စ်ဘရွန်း

ဗီလာ ၂-၀ ကာဒစ်ဖ်

ဆောက်သမ်တန် ၄-၁ ဟူးလ်စီးတီး

ထူးခြားမှတ်တမ်း

**လီဗာပူးမှာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်များတွင် (၄)ဂိုးနှင့်အထက် သွင်းယူနိုင်သည့်ပွဲ (၅၄)ပွဲအထိ ရှိလာခဲ့။

**ဆွာရက်ဇ်မှာ အန်ဖီးကွင်းတွင် ကစားခဲ့သည့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်(၄)ပွဲတွင် (၇)ဂိုး သွင်းပြီး (၁)ဂိုးဖန်တီးပေးနိုင်ခဲ့။

**မော်ရင်ဟိုမှာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်(၆၆)ပွဲတွင် (၅၁)ပွဲနိုင်၊ (၁၅)ပွဲ သရေ ရလဒ်စွမ်းဆောင်ထားနိုင်ခဲ့။

**ချဲလ်ဆီးအတွက် အိမ်ကွင်း(၃)ပွဲဆက် ဂိုးပေးရခြင်းမှာ မော်ရင်ဟိုလက်ထက် (၂၀၀၅)ခုနှစ် အောက်တိုဘာနောက်ပိုင်း ပထမဆုံးဖြစ်နေ။

**မတ်လ ၁၆ရက်နေ့က ကစားခဲ့သည့်ပွဲစဉ်နောက်ပိုင်း ဆောက်သမ်တန်မှာ ပထမဆုံးအကြိမ် (၃)ဂိုးနှင့်အထက် သွင်းယူနိုင်ခြင်းဖြစ်။

ဘွန်ဒက်စ်လီဂါပွဲစဉ် (၁၂)ရလဒ်များ

လေဗာကူဆင် ၅-၃ ဟမ်းဘတ်

ဘိုင်ယန်မြူးနစ် ၃-၀ အော့စ်ဘတ်

ဟော့ဖန်ဟိမ်း ၂-၃ ဟာသာဘာလင်

ရှော်လ်ကေး ၃-၁ ၀ါဒါဘရီမင်

ဝုဖ်ဘတ် ၂-၁ ဒေါ့မွန်

လာလီဂါပွဲစဉ်(၁၃)ရလဒ်များ

ရီးရဲလ် ၅-၁ ဆိုစီဒက်

ဂီတာဖေး ၁-၁ အယ်လ်ချီ

ဘီလ်ဘာအို ၂-၁ လီဗန်တေး

စီးရီးအေ ပွဲစဉ်(၁၂)ရလဒ်များ

ကာတာနီယာ ၁-၀ အူဒီးနီးစ်

အင်တာမီလန် ၂-၀ လီဗော်နို
http://yoyarlay.com/sport/football/38594-2013-11-09-22-24-42
ဇော်ထွန်း(ရိုးရာလေး)

အေးချမ်းမွန် Credit To >YoYarLay https://www.facebook.com/excellencemedia

Post a Comment

 
Top