0


Created on Sunday, 24 November 2013 18:30 

၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သုံးနှစ်တာ ကာလအတွင်း ပြည်တွင်းလေဆိပ်များ၌ ခရီးသည် ၀င်ရောက်မှု တစ်သန်းကျော် မြင့်တက်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအချက် အလက်များအရ သိရသည်။

၂၀၁၁ ခုနှစ်တွင် ပြည်တွင်းခရီးစဉ် ပြေးဆွဲပျံသန်းသည့် လေဆိပ် ၂၇ ခု၌ ပြည်တွင်းပြည်ပ ခရီးသည် ၀င်ရောက်မှုမှာ သုံးသန်းကျော်၊ ၂၀၁၂ ခုနှစ်တွင် ခရီးသည် ၀င်ရောက်မှု သုံးသန်းခွဲကျော်နှင့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ခရီးသည် ၀င်ရောက်မှု လေးသန်းကျော်အထိ ရှိလာမည်ဖြစ်ရာ သုံးနှစ်တာ ကာလအတွင်း ခရီးသည် ၀င်ရောက်မှု တစ်သန်းကျော်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည် ၀င်ထွက်မှု အများဆုံး လေဆိပ်တစ်ခုဖြစ်ပြီး၊ ဒုတိယ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တတိယ ဟဲဟိုးလေဆိပ်တို့မှာ ခရီးသည် ၀င်ထွက်အသုံးပြုမှု အများဆုံး လေဆိပ်များဖြစ်သည်။

"၂၀၁၃ နှစ်ကုန်ပိုင်းမှာ ပြည်တွင်းလေဆိပ် ၂၇ ခုမှာ ခရီးသည် ၀င်ထွက်မှု လေးသန်းကျော်အထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment

 
Top