အယ်ဒီတာ့အာဘော် ကဏ္ဍ
နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တွင် နိုင်ငံတော်သမ္မတရုံးမှ သဝဏ်လွှာပေးပို့ သည့် မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်းသက်သာ စွာဖြင့် အမေရိကန်ဒေါ်လာသန်း ၆၀ ချေးယူနိုင်ရေးကို ပြည်ထောင်စုလွှတ်တော်မှ မူအားဖြင့်လက်ခံ ခဲ့ပြီး ဆောင် ရွက်ပြီးစီးမှုအခြေအနေနှင့် ဘတ်ဂျက်သုံးစွဲမှုကို လေးလ တစ်ကြိမ် လွှတ်တော်သို့တင်ပြရန် သဘောတူခဲ့ကြောင်း တွေ့ရသည်။
ယင်းသို့ တောင်းခံမှုနှင့်ပတ်သက်၍ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက လွှတ်တော်တွင် ရှင်းလင်းတင်ပြခဲ့သလို လွှတ်တော် ကိုယ်စားနှစ်ဦးမှလည်း ဝေဖန်ဆွေးနွေးတင်ပြခဲ့ကြသည်ကို တွေ့ရသည်။
ထို သို့ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၏ ဆွေးနွေးချက် တွင် ဒုဝန်ကြီး၏ ရှင်းလင်းတင်ပြချက် သည် ယေဘုယျသဘောဆောင်ပြီး လျှပ်စစ်ဓာတ်အား ဝယ်ယူမှုနှင့်ပတ်သက်၍ မည်သို့ဝယ်ယူရသည်၊ မည်သည့် နှုန်းဖြင့်ဝယ်ယူရသည်ဟု မပါရှိခြင်းတို့ကို ထောက်ပြလျက် ရွာမဓာတ်အားလိုင်း ပြင်ဆင်ဆောင်ရွက်နေမှု မပြီးပြတ် နိုင်သေးသည့် ကိစ္စရပ်များအပေါ် အစိုးရအနေဖြင့် ချေး လို့ရတိုင်း ချေးနေသလိုဖြစ်နေခြင်း၊ ကတိများအထပ် ထပ်ပေးကာ ပြည်သူကိုလှည့်စား၊ လွှတ်တော်ကို လှည့်စား၊ ပြည်သူကို မျက်လှည့်ပြ၊ လွှတ်တော်ကို မျက်လှည့်ပြနေ သလို ဖြစ်နေကြောင်း ဝေဖန်ထောက်ပြသွားသည်ကို တွေ့ရသည်။
ထိုဆွေးနွေးချက်များကို ကြည့်လျှင် သက် ဆိုင်ရာကဏ္ဍတို့အတွက် ချေးငွေ များ၊ အစိုးရဘတ်ဂျက် များ သုံးစွဲရာတွင် အမှန်တကယ် ထိရောက်မှု ရှိစေရန် နှင့် အမှန်တကယ်ကုန်ကျမည့် ကျခံသုံးစွဲငွေများဖြစ်ရန်၊ အကောင်အထည်ပေါ်မှုရှိစေရန် လွှတ်တော်က စိစစ် ကြပ်မတ်ပေး လိုခြင်း ဖြစ်ကြောင်း တွေ့နိုင်ပေသည်။
လျှပ်စစ်ကဏ္ဍသည် အများပြည်သူနှင့် တိုက်ရိုက် ထိစပ်နေသည့် ကဏ္ဍဖြစ်သည့်အတွက် အထိမခံသည့် အကြောင်းရပ်တစ်ခုထဲတွင် ပါဝင်သည်။ ထို့ကြောင့်ပင် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံသည့် ကိစ္စနှင့်ပတ် သက်၍ နိုဝင်ဘာ၆ရက်တွင် ပြည်သူများက ဆန္ဒပြခဲ့ကြ သည်ကို တွေ့ရသည်။ ထိုနည်းတူ ယင်းသို့ ကောက်ခံမှု အပေါ် အာဏာရှင်စနစ် မကုန်သေးခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကလည်း ထောက်ပြဝေဖန်ခဲ့ သည်ကို တွေ့ရသည်။
ချေးငွေနှင့် ပတ်သက်လျှင်လည်း အစိုးရသည် တစ်ချေးတည်း ချေးနေ ရသည် ကိုတွေ့နိုင် ပေသည်။
စိုက်ပျိုးရေးအတွက်လည်း အိန္ဒိယမှ ချေးရ သည်။ အသေးစားချေးငွေ အတွက် လည်း သမဝါယမ ဝန်ကြီးဌာနက တရုတ်မှ ချေးရသည်။
ယနေ့ခေတ်သည် အကြွေးတင် ရှင်ဘုရင်ဆပ်ခေတ် မဟုတ်တော့ပေ။ အ ကြွေးတင် ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆပ်ရမည့်ခေတ်ဖြစ် နေသည်။ ယနေ့မြန်မာအစိုးရ၏ ချေးငွေတွေက နှစ် ရှည်ချေးငွေများဖြစ်သဖြင့် ထိုချေးငွေအကြွေးများသည် မြန်မာနိုင်ငံမှ မမွေးဖွားသေးသော ကလေးငယ်များ၏ အကြွေးများဖြစ်နေသည်ကို တွေ့နိုင်ပေသည်။
ထိုအကြွေး တွေကို ထိုမမွေးဖွားသေးသော ကလေးငယ်တွေက ဆပ် ရမည့်သဘော သက်ရောက်နေသည်။ သို့ဖြစ်ရာ ထိုအကြွေး ဝန်ထုပ်ဝန်ပိုး များ က ရင်လေးစရာ အမှန်ဖြစ်သည်။
သို့ဖြစ်ရာ ထိုချေးငွေများဖြင့် ရယူလုပ်ဆောင်မည့် အစိုးရ၏ကဏ္ဍအသီးသီး သည် အမှန်တကယ် အကျိုး သက်ရောက်မှုရှိရန် အလွန်အရေးကြီးလှ သည်ကို တွေ့ နိုင်ပေသည်။ ထိုသို့မဟုတ်လျှင် မြန်မာပြည်သူများ၏ အနာဂတ်သည် အကြွေးတင် နွံနစ်မည့်အနာဂတ်ဖြစ်စေ မည်ကို နှလုံးမူ လျက် ပြည်သူ့အကျိုးစီးပွားကို ရှေးရှု လုပ်ကိုင်ရန် လိုအပ်လှပေကြောင်း။
အယ်ဒီတာ
နိုဝင်ဘာ ၇၊ ၂၀၁၃
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment