0

Created on Wednesday, 20 November 2013 01:23

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာ ဗုံးပေါက်ကွဲမှုမှ သံသယတရားခံ စောထွန်းထွန်းအား ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ဒုတိယ ရဲမှူးကြီး ဦးဝင်းစိန် (ဒုတိယညွှန်ကြားရေး မှူး)(မှုခင်း)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ပြောကြားသည်။

"စောထွန်းထွန်းကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ကျောက်ကြီးမှာ ဖမ်းဆီးရမိတာပါ။ အခုတော့ စစ်ဆေးနေတုန်းပဲ။ သူ့ကိုစစ်တဲ့နေရာမှာ စီစီတီဗွီကင်မရာတွေ တပ်ဆင်ပြီး စစ်နေပါတယ်။ လောလောဆယ်တော့ ရမန်ကြီး ချုပ်ရက် ယူထားတယ်" ဟု ဒုတိယ ရဲမှူးကြီး ဦးဝင်းစိန်က ပြောကြားသည်။

အောက်တိုဘာ ၁၁ ရက် ည ၈နာရီ ၄၅ မိနစ်အချိန်ခန့်က တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့တည်းခိုရိပ်သာ အပေါ်ထပ် အခန်းအမှတ် ၆ တွင် အိတ်အ၀ါရောင်တစ်လုံးအား ဖွင့်ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မီးရထား ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ကာ တာဝန်ရှိသူများက စစ်ဆေးစုံစမ်းမှု ပြုလုပ်ခဲ့ရာ ကျောက်ကြီးမြို့မှ စောထွန်းထွန်းအား သံသယတရားခံ အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ကြေညာခဲ့ပြီး စောထွန်းထွန်းမှာ တိမ်းရှောင် ထွက်ပြေးလျှက်ရှိရာမှ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ကျောက်ကြီးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး စောထွန်းထွန်းအား ဖမ်းဆီးရမိရာတွင် ကေအင်ယူ တပ်မဟာ ၃ မှ ကူညီဆောင်ရွက်မှုများလည်း ပါဝင်ခဲ့ကြောင်း ဒုတိယရဲမှူးကြီး ဦးဝင်းစိန်၏ ပြောကြားချက်အရ သိရသည်။

အောက်တိုဘာ ၁၁ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ချမ်းမြေ့တည်းခိုရိပ်သာအား တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top