0


[ဈာဉ်မိုးသစ် ၊ သံဖြူဇရပ် ၊ နိုဝင်ဘာ ၁၀ ]

၂၀၁၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန် ကြီးချုပ်ဒိုင်း ၁ဝမြို့နယ် အမျိုး သားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်း အနားကို နိုဝင်ဘာ ၉ရက် ညနေ ၃နာရီတွင်ကျင်းပခဲ့ပြီး အဖွင့်ပွဲ စဉ်အဖြစ် အိမ်ရှင်သံဖြူဇရပ်အ သင်းနှင့် မုဒုံအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။အဆိုပါပွဲတွင် သံဖြူဇရပ် အသင်းက မုဒုံအသင်းအား နှစ် ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင် ပွဲကို နိုဝင်ဘာ ၂၂ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

ပြိုင်ပွဲသို့ မော်လမြိုင်၊ သထုံ၊ မုဒုံ၊ သံဖြူ ဇရပ်၊ ချောင်းဆုံ၊ ဘီးလင်း၊ ပေါင်၊ ရေး၊ ကျိုက်ထိုမြို့နယ်များမှ ပြိုင် ပွဲဝင်အသင်းများ ပါဝင်ယှဉ်ပြိုင် လျက်ရှိကြောင်း သိရသည်။ မွန် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒိုင်း အမျိုးသားဘောလုံးပြိုင်ပွဲ များကို နှစ်စဉ် မွန်ပြည်နယ် ၁၀ မြို့နယ်၌ အလှည့်ကျကျင်းပ ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Yangon Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top