ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ကြည်စုအရှေ့ကျေးရွာနဲ့ သရက်ပင်ချောင် ကျေးရွာတွေမှာ ပင်လယ်ကိုးသွယ်ကုမ္ပဏီက သိမ်းယူထားတဲ့ လယ်ယာမြေ ဧက ၅၀၀ ကျော်အတွက် ကုမ္ပဏီဘက်ကနေ နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်ပြီးတစ်ဧကကို၂၅သိန်း
ကုမ္ပဏီဖက်ကနေ လောလောဆယ် တစ်ဧကကို ၁၀ သိန်းပေးပြီး ကျန် ၁၅ သိန်းကိုတော့ လာမယ့် ၂ လအတွင်း အပြီး ပေးအပ်သွားဖို့ ကုမ္ပဏီနဲ့ လယ်သိမ်းခံ လယ်သမားတွေအကြား သဘောတူညီမှု ရယူထားတယ်လို့ ကြည်စု အရှေ့ကျေးရွာက လယ်သိမ်းခံ လယ်သမားတစ်ဦးဖြစ်တဲ့ ဦးမောင်ညိုက RFA ကို ပြောပါတယ်။
အဲဒီ လယ်မြေတွေကို သိမ်းယူထားတဲ့ ပင်လယ်ကိုးသွယ် ကုမ္ပဏီအနေနဲ့ ခုလို လျော်ကြေးငွေ ပေးအပ်ရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က သတ်မှတ်တဲ့ဈေးနှုန်းအတိုင်း ပေးလျော်ခဲ့တာ ဖြစ်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။
ဒဂုံဆိပ်ကမ်း ၊ ဒဂုံမြို့သစ်တောင်ပိုင်း ၊ဒဂုံ အရှေ့စတဲ့ မြို့နယ် သုံးမြို့နယ်က ဧက သောင်းနဲ့ချီတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို ပင်လယ်ကိုးသွယ် ၊ မက်စ်မြန်မာ ကုမ္ပဏီ ၊ ဒဂုံ အင်တာနေရှင်နယ် ၊ ဧဒင် ၊ ဆင်းရွှေလီ ၊ ရွှေနဂါးမင်း ၊ မြင့်ဇေယျာ စတဲ့ ကုမ္ပဏီတွေ အပါဝင် ကုမ္ပဏီ ၁၆ ခုက လယ်သမားတွေနဲ့ အကျိုးတူ ကန်ထရိုက် လယ်ယာ စနစ် အကောင်ထည်ဖော်မယ်ဆိုပြီး ၂၀၀၈ ခုနစ်ကတည်းက သိမ်းယူထားခဲ့တာပါ။
အဲဒီစီမံကိန်းကို အဲဒီတုန်းက ၀န်ကြီးချုပ် ဦးသိန်းစိန် လက်ရှိနိုင်ငံတော် သမ္မတရဲ့ လမ်းညွန်မှုနဲ့ အကောင်ထည်ဖော်ခဲ့တာဖြစ်ပေမယ့် လယ်သမားတွေဆီက မြေတွေ မသိမ်းရဘူးဆိုတဲ့ ၀န်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်ကိုလည်း ကုမ္ပဏီတွေ ဘက်က ဖောက်ဖျက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ကုမ္ပဏီတွေထဲက မက်စ်မြန်မာ ကုမ္ပဏီ တစ်ခုကသာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက သိမ်းယူထားတဲ့ လယ်မြေ ဧက ၄၀၀ ကျော်အတွက် တစ်ဧကကို ၂၈ သိန်းနှုန်းနဲ့ လျော်ကြေးတွေပေးလျော်ထားခဲ့ပြီး
အေးချမ်းမွန် Credit To >RFA Burmese
Post a Comment