မန္တလေးမြို့ မြို့လည်ခေါင် နေ့ခင်းကြောင်တောင် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွား ယနေ့ နိုဝင်ဘာလ ( ၂၄ ) ရက်နေ့ နေ့လည် ( ၁၂ ) နာရီ ၀န်းကျင်ခန့်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၊ ၃၈ - ၃၉ လမ်းကြား ၊ ၈၂ - ၈၃ လမ်းကြား စိမ်းပေါင်းရပ်ရှိ အိမ်အမှတ် ( ၄၈၅/၃ ) မှာ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည် ။ သေဆုံးသူနှစ်ယောက်မှာ ကိုမြင့်သိန်း ( ၄၂ ) နှစ် နဲ့ ကိုဇော်လတ် ( ခ ) ပေတိုး ( ၂၈ ) နှစ်တို့ ဖြစ်ပြီး အခင်းဖြစ်ပွားရာအိမ်မှာ အိမ်ဌားအဖြစ် ဌားရမ်းနေ ထိုင်ကြောင်း သိရှိရပါသည် ။ " ဒီအိမ်ကို ဒေါ်ညွန့်ညွန့် ( ဇီဇ၀ါနီ စတိုး ) ကပိုင်တာပါ ။ အဲဒါကို ဦးလှမြင့် ကဌားရမ်းပြီး သေဆုံးသူတပည့်များနဲ့ လောင်းကစားပြုလုပ်တယ် ။
ပြီးတော့ ဒီအိမ်က အမြဲတမ်း တံခါးပိတ်ထားတယ် ။ ဘယ်အိမ်နဲ့မှ အဆက်အဆံမရှိဘူး ။ ဒီနေ့ ( ၁၂ ) နာရီလောက် အခင်းဖြစ်ပွား ရာအိမ်ထဲမှာ အသံတွေကြားရပြီး လမ်းပေါ်သွေးတွေနဲ့ လူတစ်ယောက်ပြေး ထွက်လာလို့ ဘေးအိမ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားလာလို့ လာရောက်ကြည့် ရှု့ခဲ့ရာ အခင်းဖြစ်ပွားရာအိမ် ထဲမှာ လူတစ်ယောက်ပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးနေသလို အခင်းဖြစ်ပွား ရာအိမ်နဲ့ မျက်စောင်းထိုး ( ပေ ၃၀ ) ခန့်အကွာမှာ လူတစ်ယောက်ပြတ်ရှ ဒဏ်ရာများဖြင့် သွေးအိုင်ထဲလဲ နေတာမြင်လို့ ဆေးရုံသို့တင်ပို့ခဲ့သော်လည်း သေဆုံးသွားကြောင်း သိရပါတယ် ။ ဒါကြောင့် အမှတ် ( ၇ ) ရဲစခန်းမှာ သေမှုသေခင်းဖွင့်ကာ တာဝန်ရှိသူများ ဆက်လက်စစ်ဆေးနေပါတယ် " ဟု မဟာအောင် မြေအနောက်ရပ်ကွက် တာဝန်ခံတစ်ဦးက ယခုလိုပြောကြားသွားပါတယ် ။ မှတ်ချက် - P1 ပုံဟာ စိမ်းပေါင်းရပ်လမ်းကြားထဲ အခင်းဖြစ်ပွားရာအိမ်နဲ့ မျက်စောင်းထိုး ( ပေ ၃၀ ) ခန့်အကွာ သွေးကွက်မြင် တွေ့ရပုံ P2 ပုံဟာ အခင်းဖြစ်ပွားရာ နေအိမ်အတွင်း သေဆုံးသူတစ်ယောက်ရဲ့ သွေးကွက်ဖြစ်ပါတယ် ။
အဘစွာ
အေးချမ်းမွန် Credit To > Kachin Daily News

Post a Comment