0
==========================================
ရွှေရည်မဉ္ဇူ
==========================================
ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ။ ။ပုဒ်မ ၁၈ နှင့်၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခံ ထားရသော အမှုပေါင်း၂၀၀ ကျော်စာရင်းအား လက်ကျန်နိုင် ငံရေး စိစစ်ရေးကော် မတီအတွင်း ရေးမှူးဦးအောင်မင်းမှတစ်ဆင့် သမ္မတထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း တင်ပြသွားမည့်အ ဖွဲ့များထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ ဦးရဲအောင် က''ဒီဟာတွေ ရှိနေသရွေ့ ဒီဇင် ဘာမှာ နိုင်ငံရေးအကျဉ်းသားတွေ ကုန်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် သမ္မတအနေနဲ့ ဒီလူ တွေနဲ့ပတ်သက်ပြီး တစ်ခုခု လုပ် ပေးဖို့အတွက်တင်မှာပါ။ ဥပမာ အားဖြင့် ဒီပုဒ်မတွေနဲ့ပတ်သက် လို့ တရားရုံးတွေက ရုပ်သိမ်းလိုက် တယ်ဆိုတာမျိုးကို သမ္မတက ပိတ်ခိုင်း လိုက်တယ်ပေါ့။ အမှုစွဲ တာတွေကိုရုပ်လိုက်တယ်ဆိုတာ မျိုး သမ္မတလုပ်ပိုင်ခွင့်နဲ့ လုပ်ပေး ဖို့တင်ပြမှာပါ''ဟု ပြောသည်။

ထိုစာရင်းများကို တင်ပြ ရန် အတွက် ကော်မတီအစည်း အဝေး တွင် ဆွေးနွေး ခဲ့ကြပြီးယခု ရက်ပိုင်းမှာပင် နေပြည်တော်တွင် ဦးအောင်မင်းနှင့်တွေ့ ဆုံကာ စာ ရင်းများကို တင်ပြသွားမည်ဖြစ် ကြောင်း သိရသည်။

နေပြည်တော်တွေ့ဆုံမှု တွင်သမ္မတရုံးဝန်ကြီး ဦးအောင် မင်း၊ အကျဉ်း ဦးစီးများ၊ သက် ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ဦးဘိုကြည်၊ ဦးကိုကိုကြီး၊ ဦးရဲ အောင်တို့ သွားရောက်တွေ့ဆုံ မည်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား များ နှင့်ပတ်သက်သည့်အမှုဖြစ်စဉ် များကို ဆွေးနွေး သွားမည်ဖြစ်သည်။

AAPP မှ ဦးဘိုကြည်က ''တချို့ကိစ္စတွေက နည်းနည်းအ မြင်မတူတာတွေရှိ တယ်။ ကျွန်တော် တို့က နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်တယ်ဆိုပေမယ့် အစိုး ရဘက်အခြမ်းက တချို့လူတွေက လဲ ဒီဟာကနိုင်ငံရေးနဲ့ဆိုင်တဲ့ ကိစ္စတွေမဟုတ်ဘူးဆိုပြီး အဲလို အငြင်းပွားဖွယ်ရာတွေရှိတယ်။ ဒါတွေကို ဘာကြောင့်သတ်မှတ် ရလဲဆိုတာ သေချာဆွေးနွေးမယ်။ အဲဒီလိုအသေး စိတ်ပြောနိုင်ဖို့အ တွက် နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မှုလုပ်ရတာပါ''ဟု ပြော သည်။

ဒီဇင်ဘာမကုန်ခင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ် မြောက် နိုင်ရန်အတွက် အကျဉ်း ကျနေသော နိုင်ငံရေးအကျဉ်း သားများကျန်ရှိနေ ပါက လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ် ရေးကော်မတီဝင်များသို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်းတ ရားဝင်ထုတ်ပြန်ချက်ထုတ် ကာ ကြေညာသွားမည်ဖြစ်သည်။

အေးချမ်းမွန် Credit To >Yangon Media Group

Post a Comment

 
Top