0

Saturday, November 30, 2013

အရင်စစ် အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသား ဆိုသူတွေဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်သား
တွေ သာ ဖြစ် ပြီး အပြစ်ရှိသူတွေ ဖြစ်တယ်လို့ တချိန်က အများပြည်သူ အလွန် ကြောက်ရွံ့ခဲ့ကြရတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဦးခင်ညွှန့်က ပြောလိုက်ပါတယ်။


ဦးမြတ်ခိုင်ရေးတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ ဦးခင်ညွှန်
(ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံခဲ့ကြရတယ်လို့ နိုင်ငံရေး အကျဉ်းသား
ဟောင်းတွေ ပြောဆိုနေကြတာကိုလည်း သူက လက်မခံ ပယ်ချလိုက်ပါသေးတယ်။

ဦးခင်ညွှန့်ဟာ သူကိုယ်တိုင် ဆိုင်းငံ့ ထောင်ဒဏ် ၄၄ နှစ်ချမှတ်ခံရတာလည်း ဥပဒေကို ချိုးဖောက်တယ်လို့ အစိုးရက ယူဆ ပြီး အပြစ်ရှိတယ်လို့ သတ်မှတ်တာကိုလည်း သူက လိုက်နာခဲ့တယ်လို့ ဆိုပြန်ပါတယ်။

ဦးခင်ညွှန့်ဟာ အဲဒီစကားတွေကို ဦးမြတ်ခိုင်ရေးတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ် မိတ်ဆက် ပွဲမှာ ပြောလိုက်တာပါ။

၁၉၈၈ ခုနှစ်က သတ်ဖြတ်ခံခဲ့လို့ သေဆုံးသွားရသူတွေ၊ အကျဉ်းထောင်တွေထဲ မတရား နှိပ်စက်ခံရ လို့
သေဆုံး သွားခဲ့ရသူတွေ အတွက် စစ်ခေါင်းဆောင်တွေအနေနဲ့ တောင်းပန်သင့်တယ်လို့ လွန်ခဲ့တဲ့လက NLD ပါတီ ထိပ်တန်းခေါင်းဆောင် လည်း ဖြစ် ဝါရင့်သတင်းစာဆရာကြီးလည်းဖြစ်တဲ့ ဦးဝင်းတင်က ဧရာဝတီနဲ့ အင်တာဗျူးမှာ တောင်းဆိုခဲ့ပါတယ်။

အဲဒီကိစ္စအပေါ် ဦးခင်ညွှန့်ရဲ့ မှတ်ချက်စကား သိလိုလို့ ဧရာဝတီက မေးတဲ့အခါ သူက “ကျနော်က ဘယ် သူ့ကို တောင်းပန်ရ မှာလဲ”တဲ့။

နိုင်ငံရေး မလုပ်ပါဘူးလို့ အကြိမ်ကြိမ်လူသိရှင်ကြားပြောပြီး တချိန်က စစ်အစိုးရ လုပ်ရပ်တွေကို အခုထိ ကာကွယ်ပြော ဆိုနေတဲ့ ဦးခင်ညွှန့် ဘာတွေ ထပ်ပြောထားသေးလဲ ဆိုတာ ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာပေါ်မှာ The Political Prisoners Were Guilty: Khin Nyunthttp://www.irrawaddy.org/burma/political-prisoners-guilty-khin-nyunt.html ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။



လင်းသန့် ~

အေးချမ်းမွန် Credit To >ဧရာဝတှီ< Thankhttps://www.facebook.com/excellencemedia
5

Post a Comment

 
Top