နေပြည်တော် နိုဝင်ဘာ ၂၉
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း General Sir David Richards (အငြိမ်းစား) အား လက်ခံတွေ့ဆုံသည်။ ထိုသို့ လက်ခံ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း General Sir David Richards (အငြိမ်းစား) နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Andrew Patrick၊ စစ်သံမှူးအဖြစ် ခန့်အပ်ထားသည့် Colonel Tony Stern နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် မြန်မာ-ဗြိတိန် နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်General Sir David Richards (အငြိမ်းစား)တို့သည် အဖွဲ့ဝင်များနှင့် အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To >မြ၀တီ< Thankhttps://www.facebook.com/excellencemedia

Post a Comment