ရန်ကုန်၊ နိုဝင်ဘာ ၁၁။
မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူမည့်
၂၀၁၄ ခုနှစ်တွင် အရှေ့တီမောနိုင်ငံမှာ အာဆီယံ
အသင်းဝင်ဖြစ်လာနိုင်ဦးမည် မဟုတ်ဘဲ လျှောက်
ထားဆဲနိုင်ငံအဖြစ်သာ ဆက်ရှိနေဦးမည် ဖြစ်ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးအောင်လင်းက သုံးသပ်ပြောကြားသည်။
အာဆီယံ၏သဘောသဘာဝအရ အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရသော သဘောရှိပြီး အရှေ့တီမော
နိုင်ငံ၏ အာဆီယံ အသင်းဝင်ဖြစ်ရေး လျှောက်ထားမှုကို
စင်ကာပူနိုင်ငံမှ ကန့်ကွက်ထားပြီး ယင်းကန့်ကွက်မှု
မရုတ်သိမ်းသမျှ အရှေ့တီမော အနေဖြင့် အာဆီယံအဖွဲ့ဝင် မဖြစ်နိုင် သေးကြောင်း ၎င်းကပြောကြားသည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများဆွေးေ
စင်ကာပူနိုင်ငံမှ အရှေ့တီမောနိုင်ငံ၏ စီးပွားရေး
တိုးတက်မှုမှာ လက်ရှိ အာဆီ ယံနိုင်ငံများနှင့် ယှဉ်ပါက
အလွန်နှေးကွေးပြီး ၂၀၁၅တွင်စတင်မည့် အာဆီယံ
စီးပွားရေး အသိုက်အဝန်းအား အနှောက်အယှက်
ဖြစ်သွားစေနိုင်သည်ဟု ၎င်းတို့၏စိုးရိမ်မှုကိုတင်ပြကာ ကန့်ကွက်ထား ကြောင်း ဦးအောင်လင်းကပြောသည်။
“သိရသလောက် ဓာတ်လှေကားဟာဆိုရင် သူတို့ (အရှေ့တီမော) နိုင်ငံရဲ့နိုင်ငံခြားရေးရာဝန်ြ
နိုင်ငံတစ်နိုင်ငံလုံးရဲ့ တစ်ခုတည်းသော ဓာတ်လှေကားဟာ
ရှိပါတယ်။ အဲ့ဓာတ်လှေကားဟာလဲ တရုတ်ပြည်သူ့ သမ္မတ
နိုင်ငံက တည်ဆောက်ပေးထား တာဖြစ်ပါတယ်” ဟု
၎င်းကပြောကြားသည်။
အာဆီယံဥက္ကဋ္ဌအနေနှင့် လုပ်ပိုင်ခွင့်ဖြစ်သည့် အာဆီယံ
အတွက် အန္တရယ်မရှိပဲ အကျိုးဖြစ်နေနိုင်မည့် ကိစ္စအား ဦးဆောင်ကာ ဆောင်ရွက်ခွင့် ရှိသောကြောင့် အရှေ့တီမော အဖွဲ့ဝင်ဖြစ်ရေးမှာ ယင်းအချက်နှင့်ကိုက်ညီပါက အာဆီယံ ဥက္ကဋ္ဌ မြန်မာနိုင်ငံမှ ဦး ဆောင်ကာ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
“အရှေ့တီမောက တစ်ချိန်တုန်းက မြန်မာကို ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့တဲ့နိုင်ငံပါ။ ဒါပေမယ့် သူအဖွဲ့ဝင်ဖြစ်
ချင်တာက ဘာသာ သပ်သပ်ပါ။ ကျွန်တော်တို့အနေနဲ့
ကန့်ကွက်ဖို့ မရှိပါဘူး” ဟု ဦးအောင်လင်းက ပြောကြားသည်။
၁၆ရာစုနှစ်မှစတင်ကာ ပေါ်တူဂီနိုင်ငံ၏ ကိုလိုနီဖြစ်ခဲ့သော အရှေ့တီမောနိုင်ငံမှာ ၁၉၇၅ ခုနှစ်တွင် ပေါ်တူဂီထံမှ လွတ်
လပ်ရေး ရခဲ့ပြီးသောလည်း အင်ဒိုးနီးရှားနိုင်ငံ၏ ပြည်နယ် တစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရသည်။ ၂၀၀၂ခုနှစ် မေလ
၂၀ရက်နေ့တွင် အင်ဒိုနီးရှားမှခွဲထွက်ကာ လွတ်လပ်ရေး
ကြေညာခဲ့သည်။ အရှေ့တီမောနိုင်ငံ လူဦးရေ၏ ၃၇ ဒသမ
၎ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေပြီး တစ်နေလျှင် ၁ဒသမ ၂၅
ဒေါ်လာအောက်သာရရှိသည်။
ရေးသားသူ - ဥာဏ်လင်းထက်
တည်းဖြတ် -ဂျူးဂျူးလှိုင်
အေးချမ်းမွန် Credit To >People power
Post a Comment