အယ်ဒီတာ့အာဘော် ကဏ္ဍ
နိုဝင်ဘာ ၂၂ရက်ထုတ် နိုင်ငံပိုင်သတင်းစာ တစ် စောင်တွင် ပညာရေး ဝန်ကြီးဌာန မှ ဝိဇ္ဇာ သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား များ ရွေးချယ်ရေးအစီအစဉ်အဖြစ် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ် ပထမနှစ်သင်တန်းသားများ ထပ်မံ ခေါ်ယူသည့် အသိပေးကြေညာချက်ကို တွေ့ရသည်။
၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန် စွာအောင်မြင်ခဲ့သူများ အနက် ဝိဇ္ဇာ သိပ္ပံ ဘာသာရပ် များတွင် အထူးပြုလေ့လာလိုသူများအား ထူးချွန်ပညာ ရှင်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်သွားမည်ဖြစ်ပြီး ကမ္ဘာ့အဆင့်မီတက္ကသိုလ်များနှင့် ချိတ်ဆက်၍ ပါရဂူ ဘွဲ့ရ မြန်မာပညာရှင် များ နှစ်စဉ်မွေးထုတ်ရန်ဖြစ်သည်။
ယခင်က ၁၅ ဦးသာ လျှောက်ထားခွင့်ရှိသော်လည်း ယခု ၅၀ သို့ တိုးချဲ့ လက်ခံ ထားခြင်း ဖြစ်သည်။ လျှောက် ထားနိုင်သည့်ဘာသာရပ် ၂၀ ရှိပြီး ရူပ၊ ဓာတု၊ သင်္ချာ၊ သတ္တ၊ ရုက္ခ၊ ဘူမိ၊ ကုန်ထုတ်ဓာတု၊ နိုင်ငံတကာ ဆက်ဆံ ရေး၊ ဥပဒေ၊ ပထဝီ၊ သမိုင်း၊ စိတ်ပညာ၊ ဒဿနိက၊ မနုဿ ၊ ရှေးဟောင်း၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အရှေ့ တိုင်းပညာ၊ ကွန်ပျူတာ သိပ္ပံနှင့် နိုင်ငံရေးသိပ္ပံတို့ ဖြစ် ကြောင်း တွေ့ရသည်။ ယင်းအစီအစဉ်သည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ဖြစ်သည်။ တစ်နည်းအား ဖြင့် ယင်းအစီအစဉ်သည် မြန်မာ့အနာဂတ်ပညာရေး အတွက် ယခုမှ ပြန်လည်အစပြုရမည့် စတင်ခြင်းအသစ် ဖြစ်သည်။
အစမ်းသပ်ခံပညာရေး သံသရာဝဲဩဃမှ ယခုမှ လွတ်မြောက်ရန် ပြန် လည်ကြိုးပမ်းရမည့် အစီ အစဉ်ဖြစ်သည်။ တရုတ်ပြည် ၏ ယဉ်ကျေးမှုတော် လှန်ရေးသည် ခေတ်ပညာတတ်များကို လယ်ကွင်းထဲပို့ပြီး မျိုးဖြုတ် ပစ်ခဲ့သည့် တရုတ်ပြည်၏ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ သော ကွန်မြူနစ် လှုပ်ရှား မှုတစ်ခုဖြစ်ခဲ့သည်။ ကမ္ဘော ဒီးယားတွင်လည်း ထိုအတိုင်းဖြစ်ခဲ့ သည်။
တော်လှန် ရေးကောင်စီတက်လာပြီး နောက်ပိုင်းမှစ၍ ကြမ္မာဆိုး ငင်ခဲ့သော မြန်မာ့ပညာရေးစနစ်သည်ယနေ့ထက်တိုင် အောင်ပင် ဖြစ်တော့သည်။ ယခုလည်း အစိုးရက ''ပြည် သူ့စွမ်းအားဖြင့် နိုင်ငံသစ်တည်ဆောက် အံ့'' ဟူ၍မျက်စိ စုံမှိတ်အော်နေတုန်း ဖြစ်သည်။
ပညာရှင်တစ်ဦးကမူ မြန်မာနိုင်ငံတွင် ပညာ တတ်လူတန်းစား နည်းပါး လွန်းလှသည့်အတွက် နိုင်ငံ ရေးတည်ငြိမ်မှုရဖို့ မလွယ်သေးဟု ထောက်ပြ ထား သည်ကို တွေ့ရသည်။ အစိုးရအနေဖြင့် အဖြစ်မှန်နှင့် လက်တွေ့လုပ်ဆောင် ချက် ဟပ်မိအောင် လုပ်ဆောင် နိုင်ဖို့ လိုပါသေးသည်။
ထိုသို့လုပ်ဆောင်နိုင်ဖို့ ပညာရေးကဏ္ဍက အခရာ ဖြစ်ပြီး မြန်မာနိုင်ငံ ၏ ရွှေရောင်လွှမ်းသော ပညာခေတ် ၏ အငွေ့အသက်မျှသာ ကျန်တော့သော တက္ကသိုလ် များ၏ တန်ဖိုးများကို ပြန်လည်ဖော်ထုတ်ရန် လိုအပ် နေပြီဖြစ်ရာ ယခုထူးချွန်ကျောင်းသားများ ခေါ်ယူရေး အစီအစဉ်သည် အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်း၏ ပညာ အလင်းခေတ်၊ ပြန်လည်ဆန်းသစ်ရေးခေတ် ဖြစ် လာနိုင်ပါစေကြောင်း။
အယ်ဒီတာ
နိုဝင်ဘာ ၂၂၊ ၂၀၁၃
အေးချမ်းမွန် Credit To > Yangon Media Group

Post a Comment