0


နိုဝင်ဘာ ၁၁။

ဆီးရီးယားတွင် အတိုက်အခံသူပုန်များက အလက်ပိုမြို့အနီးရှိ ဗျူဟာမြောက် စစ်စခန်းတစ်ခုကို လက်နက်ကြီးများဖြင့် တရစပ်ထိုးစစ်ဆင်ကာ ပြန်လည်သိမ်းပိုက်သွားခဲ့သည်။

ယင်းစခန်းကို လက်ရှိ အာဏာရအစိုးရမှ ကိုးလတိုင်တိုင် ချုပ်ကိုင် ထားခဲ့ပြီး နိုဝင်ဘာ ၈ရက် ထိုးစစ်များကြောင့် ပြန်လည်လက်လွှတ် ခဲ့ကြရသည်။

ထိုနေ့က ဖြစ်ပွားသည့် တိုက်ခိုက်မှု များကြောင့် သေဆုံးသူ အနည်းဆုံး ၁၁ဦး အထိရှိခဲ့သည်။

ဆီရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ ဒါရိုက်တာ ရာမီအဘဒယ်ရာမန်က သူပုန်များထဲတွင် အယ်ကေဒါအဖွဲ့ငယ် နှစ်ဖွဲ့လည်းပါဝင်ကြောင်း သူတို့သည် 80th Brigade စစ်စခန်းကို သိမ်းပိုက်နိုင်ပြီးနောက်ပိုင်း ထိုးစစ်များ အရှိန်မြှင့်ခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

80th Brigade တိုက်ပွဲများအတွင်း သူပုန် ၃၃ဦးနှင့် အစိုးရတပ်သား ၂၀ စုစုပေါင်း ၅၃ဦး သေဆုံးခဲ့သည်။

ထို့အပြင် လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့က အစိုးရတပ်များ ထိန်းချုပ်ထားသော အက်ရှ်ရာဗိယက်ခရိုင် အနောက် မြောက်ပိုင်းတွင်လည်း မော်တာကျည်ဆန်ထိမှန်မှုကြောင့် လူငါးဦးသေဆုံးခဲ့ရာ နှစ်ဦးမှာ ကလေးများ ဖြစ်သည်ဟု ဆို၏။

ယခုတိုက်ပွဲများ အရှိန်မြင့်လာသည့်အချိန်၌ တစ်ဘက်တွင်လည်း အမေရိကန်နှင့် ရုရှားတို့က ဂျနီဗာဆွေးနွေးပွဲတွင် ဆီရီးယားငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းနေကြသည်။

အတိုက်အခံများက လက်ရှိသမ္မတ ဘက်ရှာအယ်လ်အာဆက်ကို ရာထူးမှ ဆင်းပေးရန် တောင်းဆိုထားသလို အာဏာပိုင်များဘက်ကလည်း သမ္မတသက်တမ်းကုန်ဆုံးမည့် ၂၀၁၄ခုနှစ်၊ ရွေးကောက်ပွဲပြန်စချိန်အထိ သမ္မတ အာဆက်က ဆက်လက်တာဝန် ယူမည်ဟု တုန့်ပြန်ထားသည်။

ဆီရီးယားနိုင်ငံတွင် ၂၀၁၁ခုနှစ် မတ်လမှ စတင်ကာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်မီးကြောင့် သေဆုံးသူ တစ်သိန်းနှစ် သောင်းကျော် ရှိနေပြီး သန်းနှင့်ချီသော ပြည်သူများမှာ စစ်ဘေးဒုက္ခသည်ဘ၀ဖြင့် ရှိနေကြသည်။

Ref: Al Jazeera

အေးချမ်းမွန် Credit To >The Myanma Agehttps://www.facebook.com/excellencemedia
1

Post a Comment

 
Top