0


နေပြည်တော်၊ နိုဝင်ဘာ ၁၉

၁၈-၁၁-၂၀၁၃ ရက်နေ့ ၁၁၄၅ အချိန် အမှတ်(၄၁)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်အရှေ့)မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရသက်သေများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ မိုးကောင်းလမ်း၊ ဘောလုံးကွင်းရှေ့တွင် လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းနေ ရဲသီဟ(၃၀)နှစ်မောင်းနှင်လာသော ဃဃ/xxxx ကယ်ရီနာယာဉ်အား ရပ်တန့်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ယာဉ်မောင်းထိုင်ခုံစွပ်ကြားနှင့် ခြေနင်းပြား အောက်မှ WY စာတန်းပါလိမေ်္မ်ာရောင်စိတ်ကြွရူးသွပ်ဆေးပြား(၅၄၅)ပြား၊ တန်ဘိုးငွေကျပ် (၂၇.၂၅)သိန်း၊ လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများမှာ လှိုင်သာယာမြို့နယ်၊ (၂)ရပ်ကွက်၊ န၀ဒေးလမ်းနေ ဇေယျာဖြိုး(၂၉)နှစ်နှင့်အတူ န၀ဒေးအိမ်ယာအနီးရှိ ““သုခစုစံ””တည်းခိုခန်းတွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နေ ပြည့်ဖြိုးကျော်(၄၈)နှစ်ထံမှ ၀ယ်ယူခဲ့ကြောင်းသိရှိရပြီး အလုံမြို့နယ်၊ ဗဟိုလမ်းရှိ အမျိုးသမီးဆေးရုံဝင်းအတွင်း ဇေယျာဖြိုးအားလည်းကောင်း၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်တွင် ပြည့်ဖြိုးကျော်အားလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ရဲသီဟပါ(၃)ဦးအား ရန်ကင်းမြို့မရဲစခန်း မယ(ပ)၄/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အေးချမ်းမွန် Credit To >ရဲဇာနည်https://www.facebook.com/excellencemedia

Post a Comment

 
Top