Home
»
မှုခင်းသတင်းများ
» နောက်ရှပ်တန်းကျိုးပြီး နောက်ဘီးကျွတ်သဖြင့် အရှိန်မထိန်းနိုင်ဘဲယာဉ်တိမ်းမှောက်
နေပြည်တော်၊ နိုဝင်ဘာ ၁၉၁၈-၁၁-၂၀၁၃ ရက်နေ့ ၁၅၂၀ အချိန် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သဲခေါ်ရွာအ၀င်၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၆၄/၁)၊ ရေနံချောင်းတံတားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဘန့်ဘွေးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ လားရှိုးမှမန္တလေးသို့ လားရှိုးမြို့၊ နယ်မြေ(၁၅)၊ ရပ်ကွက်(၈)နေ သန်းဇော်(ခ)ပိုင်ပိုင်(၁၉)နှစ်မောင်းနှင်လာသည့် ၄က/xxxx ဗင်အဖြူရောင်ယာဉ်သည် နောက်ရှပ်တန်း ကျိုးပြီး ၀ဲနောက်ဘီးကျွတ်ထွက်ကာ အရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်းထိုးကျတိမ်းမှောက်ခဲ့ကြောင်း တွေ့ရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျောက်မဲမြို့နေ ဒေါ်ရွှေကျင်(၇၃)နှစ်မှာ နဖူးတွင် ၂ လက်မခန့်ပေါက်ပြဲဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကာ တစ်ရွာတည်းနေ ဒေါ်စိန်(၅၃)နှစ်ပါ(၃)ဦးတွင် နဖူး ဖူးရောင်/ပွန်းပဲ့၊ ၀ဲ/ယာလက်မောင်း/ယာခြေထောက်ပေါက်ပြဲ၊ ၀ဲမျက်လုံးဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် နောင်ချိုပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ပိုင်သန်းဇော်(ခ)ပိုင်ပိုင်အား နောင်ချိုမြို့မရဲစခန်း ယာဉ်(ပ)၄၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To >ရဲဇာနည်https://www.facebook.com/excellencemedia
Post a Comment