0

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် နှစ်ခုသို့ ဘွဲ့ကြိုတက်ရန်ယခုနှစ်လျှောက် ထားမှုအတွက်ဘာသာရပ်အချို့၌လျှောက် ထားသူ တစ်ဦး၊ နှစ်ဦး သာရှိနေကြောင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ သိရသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ဘွဲ့ ကြိုသင်တန်းများ ရပ်နားခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင်မှ ပြန်လည် ခေါ်ယူခဲ့သော် လည်းရမှတ်များမှာ အမြင့်ဆုံးဖြစ်နေသဖြင့် လျှောက်ထားမှု တို့အပေါ် ယခုကဲ့သို့ သက်ရောက်မှု ရှိသွားခြင်း ဖြစ်နိုင်ကြောင်း ပညာရေး ကျွမ်းကျင်သူအချို့က သုံးသပ်သည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ အရာ ရှိတစ်ဦးက ''ဥပမာ ဘူမိဗေဒဘာသာ တွဲမှာဆို အရမ်းနည်းတယ်။ အမှတ်က လည်း ၄၉ဝဆိုတော့ တချို့ယောက်ျားလေး တွေကလည်း ဆေးကျောင်းရွေးကြတာ ပေါ့''ဟု ပြောသည်။ ကျန်ဘာသာတွဲများ၏ အခြေ အနေကိုမူ ၎င်းက ထုတ်ဖော်မပြောဘဲ ဘာသာရပ်တက်ခွင့်ရ ကျောင်းသား၊ သူ များထံသို့ အကြောင်းကြားပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သက်မွေးပညာကျောင်း တက္ကသိုလ် များမှ ယခုနှစ် ဝင်ခွင့်ရမှတ်များ ထုတ် ပြန်မှုတွင် ဆေးတက္ကသိုလ်ဘာသာရပ် ကျား ၄၈၆ ရမှတ်၊ မ ၅ဝ၅ ရမှတ်၊ ရေကြောင်းတက္ကသိုလ်မှာ ကျား ၄၇၇ ရမှတ်နှင့် မ ၄၈၁ ရမှတ်၊ ရန်ကုန် အဆင့်မြင့် နည်းပညာတက္ကသိုလ်မှာ ကျား ၅ဝ၂ ရမှတ်၊ မ ၄၉၆ ရမှတ် ဝင် ခွင့်ရမှတ်ရှိနေပြီး ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်နှစ်ခု
ဝင်ခွင့်အမှတ်မှာ ထို တက္ကသိုလ်တို့နှင့် တန်းတူလိုက်နေခဲ့ သည်။ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တို့က ဘာသာရပ် ၂ဝ သင်ကြားမည်ဖြစ် ပြီး တစ်ဘာသာလျှင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးစီ ခေါ်ယူမည် ဟု ကြေညာထားသည်။

ထို့အပြင် တက်ခွင့်ရ ကျောင်းသား တို့ကို ရွေးချယ်မှုဖြင့် ပြည်ပ တက္ကသိုလ်များသို့ စေလွှတ်မည်ဟု ပညာရေးဝန် ကြီးဌာနက အသိပေးထားသည်။

PN-051

အေးချမ်းမွန် Credit To >Popular Myanmar News Journal https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top