0


Created on Sunday, 10 November 2013 02:32 

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်ပေးရန် သဘောတူညီချက်မှာ ညှိနှိုင်းဆဲသာဖြစ်ပြီး လက်မှတ် မထိုးရသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သတင်းထုတ် ပြန်လိုက်သည်။

အဆိုပါ သဘောတူညီချက်ကို လက်မှတ်ထိုးပြီးမှသာ အသက်ဝင်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးပြီး အသက်ဝင်သည်နှင့် တစ်ပြိုင်နက် တရားဝင်ကြေညာချက် ထုတ်ပြန်သွားမည်ဟု ထိုင်းသံရုံးက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဗီဇာ ဆက်လက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်တွင်းထုတ် သတင်းစာ၊ မဂ္ဂဇင်းများတွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် ပြုတော့မည်ဟု သတင်းဖော်ပြမှုများ ပေါ်ထွက်လာပြီးနောက်တွင် ထိုင်းသံရုံးက ယခုကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ သတင်းစာများတွင် ဖော်ပြချက်အရ အဆိုပါ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လာမည့် ဒီဇင်ဘာတွင် ထိုင်းဝန်ကြီးချုပ် ယင်လက် မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top