နေပြည်တော်၊ နိုဝင်ဘာ ၂၄။
အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၂၇) ကြိမ်မြောက် ဆီးဂိမ်းပွဲတော်တွင် မြင်းစီးပြိုင်ပွဲကို ထည့်သွင်းကျင်းပပြီး အဆိုပါ မြင်းပြိုင်ပွဲအား နိုင်ငံပေါင်း (၇) နိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ယင်းနိုင်ငံများထဲမှ
ထိုင်းနိုင်ငံမှ ထိုင်းဘုရင့်မြေးတော် တစ်ဦးလည်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြင်းစီး
အားကစားအဖွဲ့မှ ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။
“အရမ်း ဂုဏ်ယူဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ၄၄ နှစ်ကြာ စောင့်စားခဲ့ရတဲ့ ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံမှာ
အိမ်ရှင်အဖြစ် လက်ခံကျင်းပရတာလည်း ဖြစ်တယ်။
နောက်ပြီးတော့ ၀င်ပြိုင်တဲ့ နိုင်ငံတိုင်းက အားကစား
သမားတွေပဲ ၀င်ပြိုင်ကြတာ။ အခုဒီပြိုင်ပွဲမှာ ထိုင်းဘုရင့် မြေးတော်တစ်ဦးက မြင်းပြိုင်ပွဲကို သူကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တော့ ပိုပြီး ဂုဏ်ယူဖို့ကောင်းတယ်” ဟု ၄င်းက ပြောကြားသည်။
ယင်းပြိုင်ပွဲအား ၀ဏ္ဏသိဒ္ဓိအားကစားဇုံရှိ မြင်းစီးအား
ကစားကွင်းတွင် ဒီဇင်ဘာ (၁၀) ရက်တွင် စတင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းအပြင် အလှစီး၊ တန်းခုန်၊ ကီလို (၈၀) မီတာ တာဝေး မြင်းစီး အားကစားနည်းများ သုံးမျိုးဖြင့် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
(၂၇) ကြိမ်မြောက် ကျင်းပသည့် ဆီးဂိမ်းပွဲတော်တွင် ပထမဦးဆုံး ထည့်သွင်း ကျင်းပသည့် မြင်းစီး ပြိုင်ပွဲတွင် ရွှေ (၆) ခု၊ ငွေ (၆) ခုနှင့် ကြေး (၆) ခုတို့ကို ချီးမြှင့်မည်ဖြစ်ပြီး၊ အဆိုပါ မြင်းစီး အားကစားပြိုင်ပွဲတွင် ထိုင်းဘုရင်၏ မြေးတော် အပါအ၀င် မြန်မာ့ မြင်းစီးအားကစား လက်ရွေးစင် အမျိုးသား (၁၆) ဦး နှင့် အမျိုးသမီး (၁) ဦး ၀င်ရောက်ယှဉ်ပြိုင်ကြမည်
ဖြစ်ကြောင်း မြင်းစီးအဖွဲ့မှ သိရသည်။
တိမ်လွှာ (မြန်မာ့ခေတ်)
အေးချမ်းမွန် Credit To >The Myanma Age
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.