နေပြည်တော်၊ နိုဝင်ဘာ ၂၄။
၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် ကွင်းများသို့
သမ္မတနှင့် ဒု-သမ္မတများက လာရောက် ကြည့်ရှုခဲ့ပြီး
နိုဝင်ဘာလ ၂၃ရက်တွင်လည်း ပြည်ထောင်စု လွှတ်တော်
နာယက သူရဦးရွှေမန်းသည် ဝဏ္ဏသိဒ္ဓိ ရေးကူး အားကစားရုံသို့ ဆယ်မိနစ်ခန့် လာရောက် ကြည့်ရှုခဲ့သည်။
ယင်းကဲ့သို့ အားကစားကွင်းများကို နိုင်ငံတော် အစိုးရိပိုင်းက တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်ကြည့်ရှုခြင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ကြိမ်းမြောက် ဆီးဂိမ်းအားကစား
ပြိုင်ပွဲအား မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်အားကစားသများအတွက် ခွန်အားဖြစ်စေကြောင်း
မြန်မာနိုင်ငံ ရေကူး အဖွဲ့ချုပ်မှ ရေကူးနည်းပြချုပ် ကာဇူရှီ နာကာယာမ က ပြောသည်။
“နိုင်ငံအကြီးအကဲတွေ အနေနဲ့ လာရောက်ကြည့်ရှုတယ် ။
ဘာစကားမှ မပြောသွားပေမဲ့ ကလေးတွေအတွက် အားရှိစေတဲ့ အနေအထား ရှိတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံ့အကြီး အကဲများ လာရောက်လေ့ရှိသည့် ပွဲများတွင် ကျေးရွာနေ ပြည်သူလူထု လူမှုအဖွဲ့အစည်းများ၏ အခက်အခဲများအား တင်ပြခွင့် မရှိဘဲ တွေ့ဆုံစကားပြောပြီး
ပြန်လည်ထွက်ခွာသွားသည့် အတိုင်းသာ ရှိနေသေးသည်ဟုလည်း
နည်းပြများက မှတ်ချက်ပြုသည်။
“တကယ်လို့ နိုင်ငံ့ အကြီးအကဲက ကလေးတွေ တစ်ယောက်ချင်းစီကို အားပေးစကား ပြောခဲ့မယ်ဆိုရင် ကလေးတွေ အတွက် အတိုင်းထက်လွန် တန်ဖိုး မဖြတ်နိုင်တဲ့ အရာတစ်ခု ဖြစ်မယ်လို့ ကျွန်တော့် အနေနဲ့ ထင်တယ်”ဟု ရေးကူနည်းပြချုပ်က ၎င်းအမြင်ကို ပြောသည်။
ယခု ဆီးဂိမ်းတွင် ပြိုင်ပွဲဝင်ကြမည့် ရေးကူးအားကစားသမားများသည် ကလေးငယ်များ ဖြစ်ပြီး ဆုတံဆိပ်အတွက် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ အတွေ့အကြုံ ရရှိရန်သာ ဖြစ်ပြီး ၎င်းတို့အတွက် အဓိက လိုအပ်မှုမှာအားပေးမှုသာ ဖြစ်ကြောင်း မြန်မာနိုင်ငံရေးကူး အဖွဲ့ချုပ်မှ နည်းပြများက ပြောကြသည်။
ပြည့်ဖြိုးအောင်
အေးချမ်းမွန် Credit To >The Myanma Age
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.