0
နေပြည်တော်၊ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ရှင်းလင်းပွဲအား အာဏာပိုင်များမှ ကျင်းပခွင့် မပြုသော်လည်း ဥပဒေကြောင်းအရ ညီညွတ်သဖြင့် မူလစီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း ရှင်းလင်း

ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ဥပဒေနှင့်အညီ တင်ပြပြီးဖြစ်၍ ဟောပြောပွဲအား ဆက်လက်ပြုလုပ်သွားမည်ကို အသိပေးအကြောင်းကြားခြင်း

ငြိမ်းချမ်းစွာစုဝေးခွင့်ပြုရန် လျှောက်ထားခြင်းပုံစံ(၁)ပါအတိုင်း အချက်အလက်များ ပြည့်စုံစွာ ဖေါ်ပြထားပြီး ဖြစ်ပါသည်။ ပုံစံ (၄)တွင် လျှောက်ထားသူ/ဦးဆောင်သူ/ဟောပြောမည့်သူ၏ ကိုယ်ရေးအချက်အလက်ဟု ဆိုရာ၌ ယင်းဖေါ်ပြပါ သုံးဦးအနက်မှ တစ်ဦးဦး၏ ကိုယ်ရေးအချက်အလက်ကို ပြည့်စုံစွာ ဖေါ်ပြလျှင်ပင် ဥပဒေနှင့် ညီညွတ်ပါသည်။

ကျင်းပမည့်နေရာနှင့် ပါတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တင်ပြထားသည့်အချက်အလက်များနှင့် ပါတ်သက်၍ ၂/၂၀၁၀ကို ၁၈.၆.၂၀၁၃ စာအမှတ် ၁/န၀ရ-မပတ(၁)/ကမရ အရ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင်ပယ်ဖျက်ပြီးဖြစ်၍ စကားပြောပွဲပြုလုပ်မည့်နေရာနှင့် ပါတ်သက်ပြီး လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီညွတ်ပါသည်။

ဥပဒေနှင့် အညီတင်ပြခြင်းကို ငြင်းပါယ်ခြင်းမပြုရဟု ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့်
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၅)တွင် အတိအလင်းဖေါ်ပြထားပါသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန် လျှောက်ထားခြင်းသည် ဥပဒေနှင့်အညီ လျှောက်ထားခဲ့ခြင်းဖြစ်၍ မှုလလျှောက်ထားရာနေရာ အတိုင်း ဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ် ပါသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျင်းပရေးဦးစီးကော်မတီမှ သက်ဆိုရာသို့ အကြောင်းကြားစာ ပေးပို့ထား ပါတယ်။

နေပြည်တော် လူထုဟောပြောပွဲကြီး အစီအစဉ်
==========================
အချိန်။ ။နံနက် ၈နာရီ ၃၀မှ နေ့လည် ၁၁နာရီ ၃၀ ထိ။
နေရာ။ ။အောင်ဇမ္ဗူရပ်ကွက်( လက်ပံခါးလှ)ဇမ္ဗူသီရိမြို့နယ် နေပြည်တော်။
နေ့ရက်။ ။ ၁၈ - ၁၁ -၂၀၁၃ ( တနင်္လာံနေ)့

ဟောပြောမည့်သူများ
============
၁။ဒေါ်အောင်ဆန်းစုကြည် ( ဥက္ကဋ္ဌ)
၂။ ဦးဝင်းမြင့် (ဗဟိုအလုပ်အမှုဆောင် )
၃။ဦးအောင်ကြည်ညွန့် ( ဗဟိုကော်မတီဝင်)

ပြည်သူလူထုအားလုံး နေပြည်တော် လူထုဟောပြောပွဲကြီးကို ကူညီ ပူးပေါင်း အားပေး ဆောင်ရွက် တက်ရောက်ပေးကြပါရန် အထူးနှိုးဆော်တိုက်တွန်းပါသည်။


Posted From D-Wave

အေးချမ်းမွန် Credit To >Thit Htoo Lwin blog https://www.facebook.com/excellencemedia

Post a Comment

 
Top