0
ရန်ကုန်တက္ကသိုလ်ကို ယခုနှစ် ၂၀၁၃ မှာ ဘာသာရပ်တစ်ခုကိုကျောင်းသား ၁၅ ယောက်စီသာ လက်ခံ၍ ဖွင့်လှစ်မည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ခဲ့ပါတယ် ။ ဒေါ်အောင်ဆန်း စုကြည် က ဒီလိုလုပ်ရပ်ဟာ ဗန်းပြ သက်သက်ဖြစ်ကြောင်း ၊ ဒီလိုလုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့လိုကြောင်း ဒီကနေ့ နေပြည်တော် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ရဲ့ အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ဆွေးနွေးပွဲမှာ ယခုလိုပြောဆိုလိုက်ပါတယ်

" ကျမတို့ ဗန်းပြလုပ်တဲ့ အလုပ်မျိုးကို မလုပ်သင့်ဘူးလို့ထင်ပါတယ် ။ ဘွဲ့ကြိုကျောင်းသားတွေ ဌာနတစ်ခုမှာ ၁၅ ယောက် ၁၅ယောက် ဟာ ဗန်းပြမဟုတ်လို့ဘာလဲလို့ ကျမ မေးရမယ် ။ ဘွဲ့ကြိုကျောင်းသား ၁၅ယောက်နဲ့ ဘယ်လိုလုပ် ကျမတို့က ဘွဲ့ကြိုတက္ကသိုလ်ကျောင်းတစ်ခုကို ထူးထောင်မှာလဲ ။ ဒီလိုဟာမျိုးတွေကတော့ ရပ်တန်းကရပ်သင့်ပြီလို့ ကျမထင်ပါတယ် ။ "

ဒေါ်အောင်ဆန်းစုကြည်

အေးချမ်းမွန် Credit To >D-Wave https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top