ဤလောက၌
"နာကျင်တတ်သူ"ကိုပင်
"နာကျင်လွယ်သူ" နှင့်
"နာကျင်စေတတ်သူ"
ဟုနှစ်မျိုးထပ်မံခွဲနိုင်ပေ သေး သည်။
အချို့သောသူများသည် အခြား
သူအတွက် သာမန်စကားမျှဖြစ်
သော်လည်း ထိခိုက်ရှလွယ်၍
အကြီးအကျယ် ဒါဏ်ရာရလွယ်
၏။
ထိုသူတို့ကို "နာကျင်လွယ်သူ"
ဟု မှတ်ရပေလိမ့်မည်။
ထိုသူတို့နှင့်တွေ့လျှင် စကား
ပြောပို၍ သတိထား ဆင်ခြင်
သင့် ပေသည်။
အချို့သော ပုဂ္ဂိုလ်များမှာမူ---
တဖက်သားနားခါးအောင်ပြော
တတ်သော ညင်ဆိုးများ ပါလာ
တတ်ကြသည်။တစ်ဖက်သားကို မခံသာအောင် ဖိနှိပ်ပြော
လိုက်ရမှ အိပ်ပျော် စားဝင်
သောသူတို့လည်း လောကမှာ
ရှိတတ်ကြသေးသည်။
ထိုသူများကိုတော့ " နာကျင်
အောင်ပြောတတ်သူ" ဟုမှတ်
ရပေလိမ့်မည်။
နာကျင်အောင်ပြောတတ်သောသူသည်လည်း သူတစ်ပါး ကိုယ့်ကြောင့် နာကျင်မှု မဖြစ် စေရန် စကားကိုသတိထား ဆင်ခြင်၍ ပြောသင့်ပေသည်။
အကောင်းဆုံးပြောနည်းမှာ---
ကြင်နာစွာ စကားကို ချိုချိုသာ
သာ သူတစ်ဖက်သား နားဝင် အောင် ပြောသင့်လှပေသည်။
ထိုသူတို့၏ စကားများသည်
ဘုရားရှင် ဟောကြားခဲ့သော
၁။နေလာ-- အပြစ်မရှိ
၂။ကဏ္ဏသုခါ--နားချမ်းသာ၏
၃။ပေမနီယာ--ချစ်ခင်မြတ်နိုး
ဖွယ်ရှိ၏
၎။ဟဒယင်္ဂမာ-နှလုံးသို့ သက်
ဝင်၏
၅။ပေါရီ---လိမ္မာသောမြို့ကြီး သူ/သားတို့ကဲ့သို့
၆။ဗဟုဇနကန္တာ- လူအများနှစ်
သက်အပ်၏။
၇။ဗဟုဇနမနာပါ-လူအများ၏
စိတ်နှလုံးကို သိမ်းကြုံးပွားစေ
တတ်၏။
ဟူသောစကားနှင့်ပြည့်စုံသူတို့
သည်"ကြင်နာတတ်သူများ"
ဖြစ်သည်။
ကြင်နာတတ်သူဖြစ်ရန် လိုအပ်
ပါသည်။
(ဒီ။၁။၆၀။ဒီ။၃။၁၄၁)
ကြင်နာတတ်သူများ
ဖြစ်ကြပါစေ။
စေတနာ မေတ္တာဖြင့် ဒေဝီခင်
Credit -->Devi Khin
> Scrapmrho Ho <
@@@@@@ACM@@@@@@
အေးချမ်းမွန် Credit To >သက်တံ့ရောင် ပုံရိပ်များ

Post a Comment