0


အိန္ဒိယ နိုင်ငံမှ Lalit Ram ဆိုသူတွင် မျက်နှာ၌ ကြီးမားသော အသားပိုကြီးကို တွေ့ရှိခဲ့ ရပါတယ်။ သူ၏ အသက်ကတော့ ၂၃ ဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ မြို့နှင့် အလွန်ဝေးသော ဒေသတွင် နေတယ်လို့ ဆိုပါတယ်။ လယ်ယာ စိုက်ပျိုးခြင်းကို လုပ်ကိုင်ကာ အသက်မွေးတယ်လို့ ဆိုပါတယ်။

သူသည် ထိုအသားပိုကြီးကြောင့် အပေါင်းအသင်း မရှိသည့်အပြင် အစားစားရာတွင်လည်း အလွန်ပဲ အခက်အခဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိုသူသည် လွန်စွာပင် စိတ်ဓာတ်ကျခဲ့ တယ်လို့ ဆိုပါတယ်။ ကံကောင်းစွာပဲ သူ၏ အသားပိုကြီးကို ဆရာဝန်များ ဖယ်ရှားနိုင်ခဲ့ပါတယ်။
ထိုဒေသမှ ခရစ်ယာန် ဘုန်းတော်ကြီးတွေက " သူသည် အလွန်ပင် သနားစရာ ကောင်းသော သူတစ်ယောက် ဖြစ်ပါတယ်။ လူငယ်တစ်ယောက် ဖြစ်ပေမယ့် အသားပိုကြီးကြောင့် မည်သည့် သူကမျှ အပေါင်းအသင်း မလုပ်၊ ဘယ်အမျိုးသမီး ကမှ ပြန်မကြိုက် ခဲ့ပါဘူး"။
ယခုတော့ သူ၏ ဘဝဟာ လွန်စွာပင် လှပခဲ့ပါတယ်။ အသက်အန္တရာယ် မရှိစွာပဲ အသားပိုကြီးကို ကောင်းစွာပင် ဖယ်ရှားနိုင်ခဲ့ ပါတယ်။ ထို့ကြောင့် လာခြင်းမကောင်းသော ထိုသူအတွက် ဝမ်းသာစရာပင် ဖြစ်ပါတယ်။
Lalit Ram " ကျွန်တော် အလွန်ပဲ ဝမ်းသားပါတယ်။ အစကတော့ ကျွန်တော် လူများတဲ့ ဘယ်နေကိုမှ မသွားရဲဘူး။ ပိုက်ဆံလည်း ရအောင် မရှာနိုင်ဘူး။ ချစ်သူလည်း မရှာနိုင်ဘူး။ ဒီနေ့မှာတော့ ကျွန်တော် အရင်က စိတ်ကူးယဉ်တာတွေ အားလုံးကို လုပ်ပါ့မယ် " လို့ သူက ဝမ်းမြောက် ပျော်ရွှင်စွာ ပြောခဲ့ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)


အေးချမ်းမွန် Credit To >(ရိုးရာလေး) https://www.facebook.com/excellencemedia

Post a Comment

 
Top