နိုဝင်ဘာ ၉။
အယ်လ်ဂျားဇီးယားမှ စုံးစမ်းစစ်ဆေးရေး ယူနစ်သည် ရာဆာအာရာဖက်၏ သေဆုံးမှုအပေါ် ရုရှားမှ အလောင်းခွဲစိတ် စစ်ဆေးမှု ကျွမ်းကျင်ပညာရှင်များ၏ ရလာဒ်များ ရေးသားထားသည့် ၁၅မျက်နှာပါ သုံးသပ်ချက်များကို ရရှိခဲ့သည်။
ယင်းသုံးသပ်များတွင် အာရာဖက်သည် ဆွစ်ဇ် ပညာရှင်များပြောခဲ့သလို ပိုလိုနီယမ်အဆိပ်သင့်ကာ သေဆုံးရခြင်းဆိုသည့် အဖြေမှာ ခိုင်မာသည့် ဆုံးဖြတ်ချက် ချနိုင်လောက်အောင် တိကျသေချာသော အထောက်အထားများ ကင်းမဲ့နေသည်ဟု ဖော်ပြထားသည်။
ကွဲလွဲနေသော အဖြေများ ထွက်လာရာတွင် ဆွစ်ဇ်မှ ကျွမ်းကျင်ပညာရှင်များက အာရာဖက်၏ တင်ပါးရိုးနှင့် နံရိုးတို့တွင် ပိုလီနီယမ်အဆင့် မြင့်မားစွာ ပါဝင်နေကြာင်း ပြောခဲ့သည်။
အာရာဖက်၏ အလောင်းကိုပြန်လည် တူးဖော်ပြီး စစ်ဆေးမှုများ ပြုလုပ်ရာတွင် ရုရှားတို့သည် ဆွစ်ဇ်နှင့် ပြင်သစ် ပညာရှင်အဖွဲ့များနည်းတူ နမူနာ အရိုးစများကို ရယူခဲ့သည်။
အာရာဖက်၏ ဦးခေါင်းခွံမှ နမူနာအစ ၂ခုနှင့် ခြေဖ၀ါးမှ နမူနာအစ ၂ခု စုစုပေါင်း လေးခုကို စစ်ဆေးမှု ပြုလုပ်ခဲ့သော မော်စကို ပညာရှင်တစ်စုက အခြားအဖွဲ့များနှင့် ကွဲလွဲနေသည့် အဖြေကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ဆွစ်ဇ်ပညာရှင်များ အဖွဲ့မှ ဒေါက်တာ ဖရနစ်စစ်ဘိုချော့ဒ်က ဦးခေါင်းခွံမှ အရိုးစနမူနာသည် ရေဒီယိုသတ္တိကြပစ္စည်း ရှာဖွေစစ်ဆေးမှု ပြုရန် သင့်တော်သော အစိတ်အပိုင်း မဟုတ်ဟု ဆို၏။
သူက ဦးခေါင်းခွံသည် ကျန်သည့်အရိုးများကဲ့သို့ အသက်ရှူ
လမ်းကြောင်းမှလာသော အကျိုးသက်ရောက်မှုများ အနည်းဆုံး သာရသည့် အစိတ်အပိုင်းဖြစ်ကြောင်း၊ ထို့အတွက် ပိုလီနီယမ် စုဝေးမှုတွင်လည်း အနည်းဆုံး အစိတ်အပိုင်းဖြစ်သည်ဟု ဝေဖန်ထားသည်။
ဝါရင့်အလောင်းခွဲစိတ်စစ်ဆေးမှု ကျွမ်းကျင်ပညာရင်တစ်ဦးဖြစ်သူ ဒေ့ဗ်ဘာကလေက ဦးခေါင်းခွံကဲ့သို့ သော နေရာမျိုးကို စစ်ဆေးမှုပြုရန် နမူနာအစ အဖြစ် ရွေးချယ်လိုက်ခြင်းသည် ပုံမှန်မဟုတ်သည့် ရွေးချယ်မှုဖြစ်ကြောင်း၊ ထို့အတွက်လည်း ရုရှားတို့ထံမှ ထွက်လာသည့်အဖြေသည့် အခြားသူများမှ လာသာ ပိုလီနီယမ်အဆင့်ထက် ဆယ်ဆ သို့မဟုတ် အဆနှစ်ဆခန့် လျော့နည်းနေခြင်း ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ပါလက်စတိုင်း အာဏာပိုင်များကမူ ဆွစ်ဇ်အဖွဲ့၏ အဖြေအတိုင်း အာရာဖက်သည် အဆိပ်သင့်သေဆုံးခဲ့ရသည်ဟု လက်ခံထားကြပြီး အစ္စရေးတို့၏ လက်ချက်ဟုသာ စွပ်စွဲနေကြသည်။
Ref: Al Jazeera
အေးချမ်းမွန် Credit To > The Myanma Age
Post a Comment