0


အယ်ဒီတာ့ အာဘော် ကဏ္ဍ

မြန်မာနိုင်ငံ၏ဒီမိုကရေစီသည် စံနှုန်းပြည့်ဒီမို ကရေစီသို့ အနှစ်၂ဝကျော်ကြာ မှ ရောက်ရှိ ရရှိနိုင်မည်ဟု အီးယူဒုတိယဥက္ကဋ္ဌက ပြော ကြားခဲ့သည် ကိုတွေ့ရသည်။

အီးယူအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ရိုမေးနီးယားနိုင်ငံသည် ကွန်မြူနစ် စနစ်မှ ဒီမို ကရေစီစနစ်သို့ ကူးပြောင်းခဲ့ရာတွင် အချိန်ကာလအား ဖြင့် ၂၃နှစ်အချိန် ယူခဲ့ရကြောင်း၊ မြန်မာနိုင်ငံ၏ အနေ အထား သည် နှစ် အတော်ကြာ ကြာ လုပ်ယူဖို့လိုအပ်ပြီး ပြောင်းလဲရမည့် အရာများစွာရှိနေကာ ဒီမိုကရေစီစိတ် နေစိတ်ထားများမွေးမြူရန်လည်း လိုအပ်သည်ဟု သုံး သပ်ပြသွားသည်ကို တွေ့ရသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် အတောင်အလက် မစုံလင်သေးသကဲ့သို့ အဖူးအငုံမစုံ လင်သေးသည့် အနေအထားဖြစ်သည်။ ဒီကြားထဲတွင် လွတ်လပ်ရေးရပြီးခါစက ဒီမိုကရေစီ၏ အရသာ ကို မြန်မာ လူမျိုးများ ခံစားခဲ့ရချိန်မှာ အလွန်ပင်တိုတောင်း သော ကာလတို တစ်ခုမျှသာရှိခဲ့ရာမှ ယခုတစ်ဖန် ဒီမို ကရေစီစနစ်သို့ ပြန် လည်ရောက် ရှိလာခြင်းဖြစ်ရာ မြန်မာ လူမျိုးများနှင့် ဒီမိုကရေစီ သည် နှုတ်ခမ်းနာနှင့် မုန့်ဆီ ကြော်လို ဖြစ်ခဲ့ရသည်။

ယခုနှစ်ပေါင်းများစွာ ဝေးကွာ လာခဲ့သည့် အချိန်သမိုင်းကြောင်းရှည်ကြီး ကို ဖြတ်ကျော် လာခဲ့ပြီးကာမှ ဒီမိုကရေစီကို ပြန်လည်ထိတွေ့ရခြင်း ဖြစ်ရာ နိုင်ငံအနေဖြင့်သာမက ပြည်သူလူထု၏ အခန်း ကဏ္ဍများမှာပါ ပြုပြင်ပြောင်း လဲရမည့်ကိစ္စများ ဖြစ်နေ သည်ကို တွေ့နိုင်ပေသည်။

ထိုသို့ရှိနေသည့်အနေအထားတွင် လွှတ်တော်ထဲ အချေအတင်ဆွေးနွေး ခဲ့ကြသည့် သမ္မတလစာ မည်ရွေ့ မည်မျှယူရေး၊ လွှတ်တော်ကိုယ်စားလှယ် များအား လစာ တိုးမြှင့်ပေးရေး ဆွေးနွေး ခဲ့ကြသည်ကို တွေ့ရသည်။ ဒါ့ အပြင် အခွင့်အရေးရရင်ရသလို သမ္မတဖြစ်လိုသူတို့၏ အသံများကိုလည်း ကြားနေရသည်။ ယင်းနောက် လျှပ် စစ်ဓာတ်အားခ တိုးကောက်ရေးက ထွက်ပေါ်လာခဲ့သေး သည်ကိုတွေ့ရသည်။ ဒီနေရာတွင် လွှတ်တော်ထဲ အချေ အတင်ဆွေးနွေး ခဲ့ကြ သည့် သမ္မတလစာ မည်ရွေ့မည်မျှ ယူရေး၊ လွှတ်တော်ကိုယ် စားလှယ်များ အား လစာတိုး မြှင့်ပေးရေးတို့ဆွေးနွေးကြ သလို အလုပ်သမား များ တစ် နေ့လုပ်ခ အနိမ့်ဆုံးလစာသတ်မှတ်ရေးတို့ ကိုလွှတ်တော်ထဲ တွင်ကျယ်ကျယ်လောင်လောင် ဆွေးနွေး နိုင်လျှင် မည်မျှ ကောင်းလိမ့် မည်နည်း။

လျှပ်စစ်ဓာတ် အားခ တိုးကောက်ရေးကိုသာ အာရုံ မဲနေသော ဝန်ကြီးဌာနက လည်း မီးမှန်မှန်ပေးဖို့ တာဝန် ခံမှုရှိလျှင် မည်မျှကောင်း မည်နည်း။ ယင်းတို့သည် ဒီမို ကရေစီ စိတ်နေစိတ်ထား များနှင့် ပြောင်းပြန်ဖြစ်နေ သည့် သာဓက များဖြစ်သည်ကို တွေ့နိုင်ပေသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဆိုးသော ပကတိအခြေအနေများနှင့်ပတ် သက်၍ နိုင်ငံရေးသမားတစ်ဦး၏ မှတ်ချက်ကို သတိရ မိပါသည်။ ယင်းမှာ အားလုံး ဝိုင်းလုပ်ကြရမှာပေါ့ဗျာ ဟုဖြစ်သည်။

မှန်ပါသည်။ အားလုံးဝိုင်းလုပ်ရင်းဖြင့်သာ ဒီမိုက ရေစီစိတ်ထားများ ရှင်သန်ထွန်းကားလာမှာဖြစ်သည်။ ထိုအတွက် ယူရမည့်အချိန်ကာလကို တိုနိုင်သမျှတိုတို ဖြင့်ရရှိရောက်ရှိအောင်စွမ်းဆောင်နိုင်ပြီဆိုလျှင်
မြန်မာ့ မြေပေါ်တွင်ခိုင်မာအားကောင်းသည့်ဒီမိုကရေစီအ မြစ် မြန်မြန် တွယ်ပြီဟု ဆိုရပေလိမ့်မည်။ ထိုအတွက် ပြည်သူလူထုတွင်လည်း တစ်ဦးချင်းအလိုက် လုပ်ဆောင် ရမည့်အပိုင်းများ ရှိလာပေလိမ့်မည်။ ထိုအခါတွင် ဒီမို ကရေစီစိတ်ထားများသည် လူထုအကြားတွင်ပါ အမြစ် တွယ် ရှင်သန်လာစေမည်ဖြစ်ပါကြောင်း။

အယ်ဒီတာ

နိုဝင်ဘာ ၁၈၊ ၂၀၁၃

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top