0


ရန်ကုန်၊ နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ အသုံးပြုနိုင်ရန် အတွက် ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်းအာဏာပိုင် အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရဟတ်ယာဉ် သုံးစင်းကို ရောင်းချသွားမည် ဖြစ်ကြောင်း ရဟတ်ယာဉ် ရောင်းချရေး အတွက် တစ်ဆင့်ခံ အကျိုးဆောင်ပေးသူ ဖြစ်ပြီး ယင်းသို့ ရဟတ်ယာဉ် တင်သွင်းမှု အကျိုးဆောင်လုပ်ငန်းကို စတင် လုပ်ကိုင်လာသူ တစ်ဦးဖြစ်သူ ဦးထိန်လင်းက ပြောကြားသည်။

ရဟတ်ယာဉ်များမှာ ဘယ်လ်ဂျီယံ၊ ဟော်လန်နှင့် ဂျာမနီ နိုင်ငံတို့မှ ထုတ်လုပ်ပြီး လတ်တလောတွင် ဘန်ကောက်၌ ထားရှိကာ ဒီဇင်ဘာလ ဒုတိယပတ်တွင် မြန်မာနိုင်ငံသို့ သယ်ဆောင်လာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“အဓိကက ရောင်းဖို့ပါ။ ငှားမယ် ဆိုရင်လည်း နာရီပိုင်းတို့၊ ရက်ပိုင်းတို့ ငှားဖို့ ရှိပါတယ်” ဟု ဦးထိန်လင်းက ပြောဆိုသည်။

ရဟတ်ယာဉ် အမျိုးအစားနှင့် စီးနင်းနိုင်သော လူဦးရေ၊ ဈေးနှုန်းများကိုမူ သိရှိနိုင်ရန် မေးမြန်းသော်လည်း ဖြေကြားခြင်း မပြုပေ။

ပြင်သစ်နိုင်ငံ အခြေစိုက် Gulfstream ကုမ္ပဏီမှ ဂျက်လေယာဉ်များ ဝယ်ယူ၊ ငှားရမ်းနိုင်ရန် အတွက် MAI လေကြောင်းလိုင်းက စီစဉ်ပေးမည့်အပြင် လေယာဉ်နှင့် ပတ်သက်သည့် ဝန်ဆောင်မှု၊ ထိန်းသိမ်းမှု များကိုလည်း MAI လေကြောင်းလိုင်းက လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း MAI လေကြောင်းလိုင်းက စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top