0


Friday, 29 November 2013

ကမ္ဘာ့ဘဏ်သည် အာဖဂန်နစ္စတန် နိုင်ငံ၏ ဘဏ္ဍာရေး တိုးတက် ကောင်းမွန်လာစေရေး ကြိုးပမ်း ဆောင်ရွက်မှု များတွင် အကူအညီ ပေးရန် အမေရိကန် ဒေါ်လာ သန်း ၅ဝ ထောက်ပံ့ ပေးခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အာဖဂန် အစိုးရ အနေဖြင့် ၎င်း ထောက်ပံ့ငွေ များဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမို တိုးတက် ဖွံ့ဖြိုးလာစေရေး ကြိုးပမ်း ဆောင်ရွက်မှုများတွင် ချေးငွေများ ပေးအပ်နိုင်မည် ဖြစ်သည်။ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၅ဝ အနက်မှ ၃၂ သန်းကို ဆင်းရဲမှု လျှော့ချရေး အစီအစဉ်နှင့် အာဖဂန် နစ္စတန်နိုင်ငံ ဆိုင်ရာ အသေးစား ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှု ထောက်ပံ့ ကူညီမှု MIFSA တို့မှတစ်ဆင့် အသေးစား ချေးငွေ ကဏ္ဍရပ်များတွင် အထောက်အပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၁၈ သန်းကို အာဖဂန် နစ္စတန်၏ ချေးငွေ အာမခံလုပ်ငန်းများ တိုးချဲ့မှုတွင် အထောက်အကူ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/excellencemedia
2

Post a Comment

 
Top