0


Friday, 29 November 2013

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA ရေတပ်၏ လေတပ်ဖွဲ့သည် လွန်ခဲ့သော ရက်သတ္တပတ်က အရှေ့တရုတ်ပင်လယ်တွင် လေကြောင်းရန် ကာကွယ်ရေး သတ်မှတ်ဇုန် သစ်ကို တရုတ်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့ပြီး မကြာမီ အရှေ့တရုတ်ပင်လယ် ရေပိုင်နက် တွင် လေကြောင်း တိုက်ခိုက်မှု စစ်ရေးလေ့ကျင့်ခန်း တစ်ရပ်ကို ပြုလုပ်လျက်ရှိကြောင်း နိုင်ငံပိုင် တရုတ်ဗဟိုရုပ်သံ (CCTV) က နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင် လေယာဉ်မှူးများ၏ လေကြောင်း တိုက်ခိုက်မှုဆိုင်ရာ ကျွမ်းကျင်မှုများ ကို စမ်းသပ်ရေးအတွက် တစ်ဖက်နှင့်တစ်ဖက် ယှဉ်ပြိုင်ရန် ဒါဇင်ပေါင်းများစွာသော ပြည်တွင်းထုတ် J-10 တိုက်လေယာဉ်များကို အနီအသင်း ၊ အပြာအသင်း နှစ်သင်းခွဲ၍ လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။ နှစ်သင်းစလုံးမှ တိုက်လေယာဉ်များကို PLA ရေတပ်၏ ရေပြင်တိုက်ခိုက်ရေး သင်္ဘောများကလည်း အထောက်အကူ ပေးခဲ့ပြီး J-10 တိုက်လေယာဉ်မှူးများသည် တိုက်ပွဲတွင်း တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်တိုက်ခိုက်သည့် သဏ္ဌာန်တူ လေ့ကျင့်ခန်းများ အပြင် အခြားအသင်းမှ သင်္ဘောများ ရေထဲသို့နစ်မြုပ်စေရန် တိုက်ခိုက်သည့် လေ့ကျင့်ခန်းများကိုလည်း ထည့်သွင်း လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင် တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်များကို သာမက လေယာဉ်မှူးများနှင့် မြေပြင် အမှုထမ်းများကိုပါ စမ်းသပ် လေ့ကျင့် ခဲ့ခြင်း ဖြစ်ကြောင်း လေ့ ကျင့်ခန်းတွင် ပါဝင်လေ့ကျင့်နေသည့် တိုက်လေယာဉ်မှူး တစ်ဦးက ပြောကြားခဲ့သည်။

အရှေ့တရုတ် ပင်လယ်ပြင်တွင် ပိုင်နက်နယ်မြေဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဂျပန်နိုင်ငံနှင့် ဖြစ်လာနိုင်သည့် လေကြောင်းဆိုင်ရာ ပဋိပက္ခတစ်ခုကို ရင်ဆိုင်နေရစဉ် အဆိုပါစစ်ရေး လေ့ကျင့် ခန်းသည် တရုတ်လေယာဉ်မှူးများကို လက်တွေ့ အတွေ့အကြုံများ ပိုမိုရရှိစေခဲ့ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/excellencemedia
3

Post a Comment

 
Top