0
ရန်ကုန် တိရစ္ဆာာန်ဥယျဉ်ကို အရင် အစိုးရက ထူးကုမ္ပဏီကို တစ်နှစ် ကျပ် သန်း ၇၀ နဲ့ပဲ ငှားပေးထားတာဟာ အခွင့်ထူးခံ သဘောမျိုးဖြစ်နေတဲ့အတွက် စာချုပ်အသစ် ချုပ်ဖို့ ပြန်လုပ်သင့်ကြောင်း ရန်ကုန်တိုင်း အမတ်
ဒေါက်တာညိုညိုသင်းက နိုဝင်ဘာ ၇ ရက် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ တင်ပြပါတယ်။ တိရစ္ဆာန်ဥယျာဉ်ဟာ ဧကများစွာ ကျယ်ပြန့်တယ်၊ ဆိုင်ခန်းတွေလည်း အများကြီး ဖွင့်ခွင့်ပြုထားတယ်၊ ၀င်ကြေးကလည်း လူ တစ်ယောက် ကျပ် ၁၀၀၀ ယူနေတာကြောင့် အခွင့်ထူးခံလို ဖြစ်နေတယ်လို့ တင်ပြတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း သစ်တောဝန်ကြီးကတော့ စာချုပ်အရ ထူးကုမ္မဏီကို (၁၀) နှစ် ငှားထားပေးတယ်လို့ ပြောပါတယ်။

အေးချမ်းမွန် Credit To >DVB TV News
https://www.facebook.com/excellencemedia

Post a Comment

 
Top