0


Created on Saturday, 09 November 2013 01:23 

ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး နောက်နှစ်ရက်အတွင်း မုန်တိုင်းငယ် တစ်ခုအဖြစ် ရောက်ရှိနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏နိုဝင်ဘာ ၈ ရက် ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်ကို ကိုးကားပြီး နိုဝင်ဘာ ၈ ရက် ည ၉ နာရီ နိုင်ငံပိုင် ရုပ်သံသတင်းမှ ထုတ်လွှင့်ခဲ့သည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ကြောင်း အဆိုပါ ရုပ်သံသတင်းတွင် ထုတ်လွှင့်သွားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကပ္ပလီ ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် မြေပြင်ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

အေးချမ်းမွန် Credit To > Eleven Media Group <Thanks

Post a Comment

 
Top