0

=========================================
ကိုသစ္စာ
=========================================
မုံရွာ ။ ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိ အသေးစားပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် နယ်စပ်နေပြည်သူများ အဆင်ပြေ စေရန်အတွက် ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန က ပြုလုပ်ပေး ထားသော နယ်စပ်ကုန်သွယ် ရေး တစ်ပိုင်တစ်နိုင်ကုန်သွယ်ခွင့် Individual Trading Card (ITC)ကတ် ကြောင့် မြန်မာ- အိန္ဒိယနယ်စပ်ကုန် သွယ်ရေးမှာ ပိုမိုမြန်ဆန်ကောင်းမွန် လာကြောင်း တမူးနယ်စပ်ကုန် သွယ် ရေးစခန်းမှ သိရသည်။

''တမူးနယ်စပ်ကုန်သွယ်ရေးစခန်း မှာ ITC ကတ်နဲ့ အိန္ဒိယဘက်ကို ကုန် သွယ်မှုပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်းအ တွင်းကလုပ်ငန်းရှင် ၁၀၁ ဦးရှိပါတယ်။ ဒီနှစ် ဧပြီလကနေ အောက်တိုဘာလ အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်နဲ့ သွင်းကုန် ငါးသန်းကျော် ကုန်သွယ်မှုရှိခဲ့ပါတယ်။ ITC ကတ်နဲ့ လုပ်လိုက်တော့ နိုင်ငံတော်လဲ ဝင်ငွေ တွေရပြီး တရားဝင်ကုန်သွယ်သူတွေ ကိုလဲ ကာကွယ်ပေးလို့ရပါတယ်''ဟု တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ITC ကတ်ဖြင့် မှတ်ပုံတင်ထား သူ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦး သည် မြန်မာကျပ်ငွေဖြင့် တစ်ရက်လျှင် ငွေကျပ် ၁ဝသိန်းနှုန်းဖြင့် ငါးရက်အ တွင်း စုစုပေါင်း တစ်ကြိမ်တည်း ငွေကျပ် သိန်း၅ဝဖိုးအထိ ကုန်သွယ်နိုင်ပြီး လိုင် စင်ဆောင်ရွက်ရန်မလိုဘဲ တိုက်ရိုက် တင်ပို့တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

တစ်ပိုင်တစ်နိုင်ကုန်သွယ်ခွင့် ကတ်ကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်း နေ ထိုင်သော အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်ရှိသူ တိုင်း လျှောက်ထား နိုင်ပြီး လျှောက်လွှာ၊ မှတ်ပုံတင်ကတ်၊ အိမ်ထောင်စုစာရင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်းတို့၏ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာ၊ နယ် စပ်ကုန်သွယ်ရေး အသင်းဝင်မူရင်း၊ မိတ္တူများဖြင့် လျှောက်ထား နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ITC ကတ် ဖြင့် နယ်စပ်ကုန်သွယ်ရေးဆောင်ရွက် နိုင်သောမြို့များမှာ မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ရိဒ်၊ မောင်တော၊ ထီးခီး နှင့် တမူးနယ်စပ်တို့ဖြစ်သည်။

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top