ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော
ဆောင်းပါးဖြစ်ပါသည်။
အတိုက်အခံတွေရဲ့ဘ၀(၂)
အောင်ဆန်းစုကြည်
ညီလာခံပြီးသွားလို့ ရက်အနည်းငယ်အကြာမှာ အာဏာပိုင်တွေဟာ ဖမ်းထားတဲ့သူတွေကို စတင် လွှတ်ပေးပါတယ်။ အဲဒီတော့မှ အရွေးချယ်ခံထားရတဲ့ ကျွန်မတို့ရဲ့ကိုယ်စားလှယ်တွေကို လွှတ်တော် အမတ်နေရာတွေကရော၊ ကျွန်မတို့ရဲ့ ပါတီအဖွဲ့ဝင်တွေ အဖြစ်ကရော နှုတ်ထွက်စေဖို့ စနစ်တကျနဲ့ တိုက်တွန်းဆောင်ရွက်မှုရှိခဲ့တယ်ဆိုတာ ကျွန်မတို့ သိခဲ့ရပါတယ်။
တချို့သူတွေကို နှုတ်ထွက်ရင် ကောင်းမယ်လို့ဆိုတာလောက် ပြောခဲ့ပေမယ့်လည်း တချို့သူတွေကျတော့ ဖိအားပေး မှုတွေရှိပါတယ်။ ထောင်ချမယ်၊ စီးပွားရေးနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေဆုံးရှုံးကုန်မယ်၊ နိုင်ငံပိုင် အိမ်ခန်းတွေ ကနေ နှင်ထုတ်ခံရမယ်။ ပြည်သူ့ဝန်ထမ်းဖြစ်တဲ့ မိသားစု ၀င်တွေ အလုပ်ထုတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။
NLD မှာ အလုပ်လုပ်နေတဲ့သူတွေကို မကြာခဏ ဆိုသလို နိုင်ငံရေးမှာ ဆက်လက်ပါဝင်ပတ်သက်နေမယ် ဆိုရင် ပြဿနာတွေ ပေါ်ပေါက်နိုင်တယ်လို့ သတိပေးခံရ တာတွေ ရှိပါတယ်။ ညဥ့်နက်သန်းခေါင်မှာ အိမ်တံခါးကို တဒုန်းဒုန်းနဲ့ အထုခံရနိုင်ပါတယ်။ အဲဒါလာဖမ်းပြီဆိုတဲ့ သင်္ကေတပါပဲ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဈေးတစ်ခု ရဲ့ထောင့်အမှောင်ရိပ်ထဲမှာ ပုန်းကွယ်စောင့်နေပြီး ရုတ်တရက်ထွက်လာကာ ဖမ်းဆီးခေါ်ဆောင်သွားဖို့ အဆင်သင့်ရှိနေနိုင်ပါတယ်။ မြန်မာပြည်မှာ အစိုးရနဲ့ သဘောထားကွဲပြားသူတွေရဲ့ဘ၀ဟာ ပျင်းရိငြီးငွေ့စရာ မကောင်းတာအမှန်ပါပဲ။
အောင်ဆန်းစုကြည်
ဇူလိုင်လ၊ (၁)ရက်၊ ၁၉၉၆
Page (4)
Eternal Light Magazine, November 2013
အေးချမ်းမွန် Credit To >Eternal Light Magazinehttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

အေးချမ်းမွန် Credit To >Eternal Light Magazine
http://ayechanmon-news1.blogspot.com/
Post a Comment