ဒူးနာတာ သက်သာအောင် နာနတ်သီး စားပါ
နာနတ်သီးမှာ ဗီတာမင် စီမြင့်မားစွာ ပါဝင်တဲ့အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ အများအပြားပါရှိပြီး အဆီနဲ့ ကိုလက်စထရော အနည်းငယ်သာ ပါရှိပါတယ်။
ဒါ့အပြင် ဘရိုမီလိန်းခေါ်တဲ့ အင်ဇိုင်းပါဝင်ပြီး အဲဒီအင်ဇိုင်းဟာ အစာခြေမှု ကောင်းစေပြီး ခန္ဓာကိုယ်မှ နာကျင်တာနဲ့ ရောင်ရမ်းတာကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းတွေကို ထုတ်လုပ်စေပါတယ်။
လေ့လာမှုတွေအရ ဘရိုမီလိန်းဒြပ်ပေါင်းဟာ ဒူးခေါင်းအရိုးအဆစ် ရောင်နာနဲ့ ဆက်စပ်တဲ့ နာကျင်မှု ဝေဒနာ ပျောက်ကင်းဖို့အတွက် ထိထိရောက်ရောက် အကျိုးရှိတယ်လို့သိရပြီး စတီးရွိုက်မပါဝင်တဲ့ ရောင်ရမ်းမှု ပျောက်ဆေးလိုမျိုး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
By Good Health Magazine
အေးချမ်းမွန် Credit To > Zuri's Beauty Hub

Post a Comment