ဒုတိယ အကြိမ်မြောက် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ ရေတပ်ဦးစီး အရာရှိ များ တွေ့ဆုံ ဆွေးနွေးပွဲ (2nd Myanmar and India Navy to Navy Staff Talks) အား နိုဝင်ဘာ ၅ ရက်က ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ရေတပ်များ အကြား ပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာ
ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး သဘော တူညီချက်များ လက်မှတ် ရေးထိုးပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ အမရ ဟိုတယ်Fantastic Hall ၌ကျင်းပ ပြုလုပ်သည်။
အဆိုပါ လက်မှတ် ရေးထိုးပွဲသို့ မြန်မာ့ တပ်မတော်(ရေ)မှ စစ်ဦးစီး အရာရှိချုပ် (ရေ)ဗိုလ်ချုပ် တင်အောင်စန်းနှင့် အရာရှိကြီးများ၊ အိန္ဒိယ ရေတပ်မှ Rear Admiral Monty Khanna, Assistance Chief of Naval Staff(Foreign Coop-eration and Intelligence) နှင့် အရာရှိကြီးများ တက်ရောက်ကြကာ ဗိုလ်ချုပ် တင်အောင်စန်းနှင့်Rear Admiral Monty Khanna တို့သည် နှစ်နိုင်ငံ ရေတပ်များ အကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး သဘော တူညီချက်များအား လက်မှတ် ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။
ထို့နောက် ဗိုလ်ချုပ် တင်အောင်စန်းနှင့် Rear Admiral Monty Khanna တို့သည် လက်မှတ် ရေးထိုးပွဲသို့ တက်ရောက် လာကြသူ များနှင့် အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
အေးချမ်းမွန် Credit To >မြ၀တီ
http://ayechanmon-news1.blogspot.com/
Post a Comment